146. Rope It In

1.1K 243 9
                                    

အပိုင်း ၁၄၆။ ဆွဲဆောင်ဖြားယောင်း ကျုံးသွင်းလိုက်သည်

ရေခဲချီလင်က ကောင်လေး လက်တုံ့ပြန်လိုတာကြောင့် သူ့ကို လှောင်လိုက်ခြင်းသာဖြစ်မှန်း လုံးဝ မသိလိုက်ချေ။

အဲ့အချိန်မှာ ရေခဲချီလင်တစ်ယောက် တစ်ချိန်လုံး စိတ်နှလုံး ချုံးချုံးကျ ညှိုးနွမ်းစွာနဲ့ပဲ နေနေရှာတော့သည်။

အခြားတစ်ဖက်မှာတော့ ဆိုဖိုရာက ဘုရင်ကြီးနဲ့ကောင်လေးတို့ ရေခဲကမ္ဘာကနေ ထွက်ခွါတော့မယ်ဆိုတာကို မြင်လိုက်တော့ သူက ဒေါသတကြီးနဲ့ ချက်ချင်းပဲ သွားတားချင်သွားတော့၏။ ဒါပေမဲ့ သူ့ကို သီးယွင်ထျန်းနဲ့ မော့ဖိန်းမော့တို့က သူ့ကို တားထားလိုက်ကြသည်။ အဘိုးကြီးနှစ်ယောက်က တကယ်တော့ ဆိုဖိုရာကို နာကျင်စေလိုခြင်းမရှိဘဲ ဆွဲထိန်းထားချင်ရုံသာဖြစ်သည်။ ဘုရင်ကြီးနဲ့ ဖုန့်ရှီတို့ ထွက်သွားကြပြီးနောက် သီးယွင်ထျန်းနဲ့ မော့ဖိန်းမော့တို့က ဆိုဖိုရာကို လွှတ်ပေးလိုက်ကြကာ ထွက်ပေါက်ဆီ အမြန် ပြေးသွားလိုက်ကြတော့သည်။

ရေခဲချီလင်ကလည်း ခေါ်ဆောင်သွားခံရပြီးဖြစ်တာကြောင့် ဆိုဖိုရာအနေနဲ့ ဒီနေရာမှာ ဆက်နေနေပြီး သေမယ့်အရေး ထိုင်စောင့်နေဖို့ အကြောင်း မရှိရကာ သူလည်းပဲ သူတို့နောက်ကို အပြေး လိုက်သွားတော့၏။

အဖွဲ့နှစ်ဖွဲ့ကလူတွေက အချင်းချင်း တစ်ယောက်နောက် တစ်ယောက် လိုက်သွားကြတော့သည်။ ဘုရင်ကြီးက ဖုန့်ရှီကို အက်ကွဲကြောင်းထဲကနေ ခေါ်ထုတ်လိုက်ပြီးရုံရှိသေး၊ သူတို့အနောက်က ရေခဲကမ္ဘာက တော်လဲသံကြီး မြည်ဟီးလာပြီး ပြိုကျသွားတော့သည်။ ရေခဲချီလင်ရဲ့ ရေခဲနန်းတော်က အရင်ဆုံး ပြိုကျသွားကာ အကျိုးအပဲ့တို့က တစ်စစီ ဟိုဒီ ပြန့်ကျဲကုန်၏။ တကယ်ကို စိတ်ထိခိုက်ဖွယ်မြင်ကွင်းတစ်ခုပင်။

ရေခဲကမ္ဘာကြီး ပြိုလဲသွားတာကြောင့် မြစိမ်းရောင်နဂါးတောင်တန်းတွေကလည်း အပြင်းအထန် စတင်လို့ တုန်ခါလာသည်မှာ မြေငလျင်လှုပ်နေသည့်အလားပင်။ လှုပ်ခါမှုက ကာလွမ်သလာနေထိုင်တဲ့ နေရာထိတိုင် သက်ရောက်သွားလေ၏။ သလင်းကြွက်ရဲ့ လှိုင်ခေါင်းကလည်း ပိတ်ဆို့သွားလုလုဖြစ်သွားရကာ အခြားသူတွေကလည်း ကျောက်တုံးကျောက်စတို့ဖြင့် ရိုက်မိလုလု ဖြစ်ကုန်ကြတာကြောင့် ရိုက်ခတ်သက်ရောက်မှုက ဘယ်လောက်တောင်ကြီးမားသလဲဆိုတာကို ပြသနေသည်ပင်။ မြေငလျင်က ကောင်းကင်လမ်းမြို့တော်ကိုပါ လှိုက်ခတ်သွားတော့သည်။ ကောင်းကင်စိတ်ကူးမိသားစုက မြစိမ်းရောင်နဂါးတောင်တန်းတွေမှာ တစ်ခုခုတော့ ဖြစ်ပျက်သွားခြင်းဖြစ်မည်လို့ တွေးမိလိုက်ကြကာ ရှာဖွေဖို့ရန်အတွက် တောင်တန်းတွေဆီ လူလွှတ်ဖို့ ပြင်ဆင်ကြတော့သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now