109. God Perishing Spear Art

1.5K 265 4
                                    

အပိုင်း ၁၀၉။ နတ်ဘုရားပျက်သုန်းခြင်းလှံသိုင်း

လူတစ်ယောက်ရဲ့ဘဝမှာ အဆိုးဝါးဆုံးအရာကတော့ အထက်ကောင်းကင်ကနေ ငရဲကို ကျဆင်းသွားရခြင်းပင်။

လှပတဲ့ ပွင့်ဖတ်တို့က အသိစိတ် ရှိနေသည့်အလား ကောင်းကင်ကနေ ခန့်ညားတဲ့ကိုယ်ဟန်အနေအထားနဲ့ ကျဆင်း ဝဲပျံနေ၏။ ဒါက ပန်းတွေပဲ တည်ရှိတဲ့ ကမ္ဘာတစ်ခုဖြစ်ပေမဲ့ လှပတဲ့ရှုခင်းနောက်ကွယ်မှာတော့ လူတိုင်းရဲ့ စိတ်ဆန္ဒရဲ့ အခြေတည်နေတဲ့ အမြစ် ရှိနေသည်။

ကောင်းကင်က တောက်ပနေကာ အဆုံးမရှိ ကျယ်ပြောနေပုံပေါ်သည်။

ဒီလို လှပတဲ့ နေရာလေးတစ်ခုမှာ ကြီးမားလှတဲ့ပန်းတစ်ပွင့်ထက် ကောင်လေးတစ်ယောက် ပေါင်းထားတဲ့ပေါက်စီတစ်ခုလို ရှုံ့တွလို့နေသည်။

ကောင်လေးကတော့ အထက်ကောင်းကင်ကနေ ငရဲကို တန်းတန်းမတ်မတ် သက်ဆင်းလာရတဲ့သူပင်ဖြစ်၏။ လွန်ခဲ့တဲ့တစ်စက္ကန့်တုန်းက သူက အိပ်ယာထက်မှာ လှပတဲ့အိမ်မက်လေးတစ်ခု မက်လို့်နေခဲ့သည်။ အဲ့နောက်မှာတော့ သူ့ကိုယ်သူ ကျင့်ကြံဖို့အတွက် ဆန္ဒပင်လယ်ထဲ ပစ်ချခံလိုက်ရ၏။ ဘုရင်ကြီးက သူတို့အကြားက ဆက်ဆံရေးက အခု အတော်ကို ရှင်းလင်းသွားပြီဆိုပေမဲ့ သူ့ကို ခုခံခွင့်တောင် မပေးဘဲ ဆန္ဒပင်လယ်ထဲ ခေါ်ဆောင်လာတာဖြစ်သည်။

ဒီကအချိန်တွေက ပြင်ပကမ္ဘာထက် ပိုလို့ နှေးသည်။ ပြီးတော့ ဒီကအချိန်တွေက တစ်ရက်ထက်တစ်ရက် ပိုပြီး နှေးနှေးလာတယ်လို့ ဖုန့်ရှီ ခံစားရသည်။ အရင်ရက်တွေတုန်းက ဆန္ဒပင်လယ်ထဲက တစ်ရက်ဟာ ပြင်ပကမ္ဘာရဲ့ နှစ်နာရီနဲ့ ညီမျှပေမဲ့ အခု အဲ့တာက ပြင်ပကမ္ဘာ နှစ်နာရီထက်ကို နည်းလာပြီလို့ သူ ခံစားနေရသည်။ ဖုန့်ရှီ ဒီက အချိန်နဲ့ ပြင်ပကမ္ဘာက အချိန်တို့ဟာ ပုံသေနံပါတ်တစ်ခုအကွာနဲ့ အချိုးကျ ကွာနေတာ ဟုတ်ပါ့မလားဆိုတာ သူ မသိတော့ပေ။

အဲ့တာကို လေ့လာဖို့လည်း သူ့မှာ အချိန်မရှိခဲ့။ အခု သူ ပိုစိတ်ပူနေရတာက သူ့ခေါင်းဆောင် ချပေးထားတဲ့ ပန်းတိုင်နဲ့ သတ်မှတ်ကုန်ဆုံးရက် deadline တို့ပဲဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now