118. It Is the Truth!

1.3K 248 12
                                    

အပိုင်း ၁၁၈။ ဒါအမှန်ပဲ!

ဖုန့်ရှီ သူတို့ကို ကြည့်လိုက်ပေမဲ့ ဘယ်သူ့ကိုမှ မမှတ်မိပေ။ သူ လှည့်လိုက်ပြီး ဘုရင်ကြီးရဲ့ နက်မှောင်တဲ့မျက်လုံးအစုံကို ကြည့်လိုက်ကာ ပြုံးရင်း၊ "ခေါင်းဆောင်၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ!"

ငရဲမင်းကြီးက မျက်နှာပေါ် ဘာအမူအယာမှ မပြဘဲ ပြောလိုက်သည်၊ " တိုက်ဆိုင်တာမဟုတ်ဘူး၊ ကိုယ်တော်က မင်းကို စောင့်နေတာ။"

ဖုန့်ရှီရဲ့ မေးရိုး ပြုတ်ကျသွားကာ ပါးစပ်အဟောင်းသား ဖြစ်သွား၏၊ "ခေါင်းဆောင်ဆိုလိုတာက ဒီနေရာလွတ် မှော်ကျောက်တုံး* က လုပ်တာ..." ဘာလဲတော့ သူ မသိပေမဲ့ သေချာတာတစ်ခုကတော့ ဒီနေရာလွတ် မှော်ကျောက်တုံးက သူ ဘာ့ကြောင့် သူ့ခေါင်းဆောင်ရဲ့ ပေါင်ပေါ် သက်ဆင်းရတာလဲဆိုတာပါပဲ။
(*Eng Tran ထဲမှာ အပိုင်း၁၁၇ တုန်းက နေရာလွတ် ချိပ် seal လို့ ပြောခဲ့ပေမဲ့ အခုအပိုင်းမှာတော့ နေရာလွတ် မှော်ကျောက်တုံးလို့ ပြောင်းခေါ်ထားတာမို့ သူ့အတိုင်းပဲ ပြောင်းပြီး ပြန်လိုက်ပါသည်။)

ဒါပေမဲ့ အခြေအနေတွေက ဘာလို့ ထူးထူးဆန်းဆန်းကြီး ခံစားနေရာတာလဲ?"

"အား!!!' ဖုန့်ရှီ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ သူ့အသံက ရုတ်ချည်းပဲ တိတ်ဆိတ်နန်းတော်ခန်းမထဲ ပဲ့တင်ထပ်သွား၏။ ကမ္ဘာကြီး ချာချာလည်နေသလို သူ ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ကလူတွေရဲ့ အကြည့်အောက်မှာ ဘုရင်ကြီးရဲ့ အင်္ကျီလက်ကို ရှက်ရှက်နဲ့ဆုပ်ကိုင်လိုက်ရင်း "ဒါဆို ကျွန်တော့လိုပဲ အခြားသူတွေလည်း ဒီလိုမျိုး ခေါင်းဆောင်ပေါင်ပေါ် ပေါ်လာမှပဲလား?"

သူ အဲ့တာကို လက်မခံနိုင်ဘူး! သူ့ခေါင်းဆောင်က သူနဲ့ပဲ သက်ဆိုင်တယ်။ အခြားသူတွေက ဘယ်လိုလုပ် သူနဲ့အတူတူ ဖြစ်နိုင်ရမှာလဲ!

ဖုန့်ရှီရဲ့ စူးစူးရဲရဲ အကြည့်အောက်မှာ ကြောင်အမ်းနေကြတဲ့ လူစိမ်းတွေက ကျောက်တုံးတွေ တစ်စစီအမှုန်တွေဖြစ်ပြီး ကြေမွသွားကာ လေနဲ့တိုက်စားလွင့်စင်သွားသလိုမျိုး တိုက်စားသွားတဲ့ သူတို့ရဲ့ကံကြမ္မာကို မရှောငလွှဲနိုင်ချေ။ ထင်ထားသလိုပဲ သူတို့တွေက စပြီး ထင်ယောင်ထင်မှား ဖြစ်လာကြကာ ဒီမြင်ကွင်းကိုတောင်မှ စိတ်ကူးယဉ်နေနိုင်ကြပြီပဲ။ ဒါ အရမ်း ထိတ်လန့်စရာ!

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now