70. Inducement

1.5K 255 2
                                    

Please scroll down for Zawgyi

အပိုင်း ၇၀။ သွေးဆောင်မှု

ဖုန့်ရှီရဲ့ ကိုယ်ခန္ဓာက ချက်ချင်း တောင့်တင်းသွားတယ်။

ဒါပေမဲ့ သူက အချိန်ကြာကြာ စိတ်အေးအေးနဲ့ ခေါင်းအေးအေးထားတတ်တဲ့သူမျိုး မဟုတ်တာကြောင့် တခဏအတွင်းမှာပဲ စာအုပ်နတ်ဘုရားကို စောင်းကြည့်လိုက်ပြီး ပြောလိုက်တယ်၊ "စာဂျပိုး၊ ငါ့ ဘာလို့ မလှုပ်ခိုင်းတာလဲ?" ဖုန့်ရှီက အခု သူ့အမူအယာက ဘယ်လိုတောင် အပေါ်စီးကဖြစ်နေတယ်ဆိုတာ သူ လုံးဝမသိပေ။ နောက်ဆုံးတော့ အဲ့လိုအပြုအမူမျိုးက သူ့မှာ ပေါ်တောင့်ပေါ်ခဲ တစ်ကြိမ်တစ်ခါသာ ပေါ်လာတာဖြစ်တယ်။

ဒါပေမဲ့ တွန့်သွားတဲ့ ကောင်းကင်ဖြိုဖျက်သားရဲက ရုတ်တရက် ရပ်တန့်သွားတယ်။ သူ့အသိပြန်ဝင်လာပြီး ပြန်ပြီး ဒေါသထွက်သွားပြန်တယ်။ လူသားတစ်ယောက်ကို ကြောက်ရွံ့မိသွားတာကို သတိရသွားတော့ အကြီးအကျယ် အရှက်ရသလို ခံစားသွားရတယ်။ အဲ့အချိန်မှာပဲ သူ့မျက်လုံးထဲက လူသတ်လိုရိပ်က ပိုသိသာလာတယ်။ သူ ကောင်လေးနဲ့ အဲ့သတ္တဝါတွေကို သတ်လိုက်ပြီဆိုတာနဲ့ ဒီနေ့ ဒီမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ဘယ်သူမှ သိတော့မှာမဟုတ်တော့ဘူး။

ကောင်းကင်ဖြိုဖျက်သားရဲက အဲ့တာကို တွေးမိပြီး သူ့နာမည် ပြန်အဖတ်ဆယ်ဖို့ တစ်ခုတည်းသော နည်းလမ်းက အသနားအညှာတာမဲ့စွာ သတ်လိုက်ဖို့ပဲဆိုတာ ပိုသေချာသွားတယ်။ အဲ့နောက် သူက အက်ကွဲကြောင်းထဲကနေ ခုန်ထွက်လိုက်တာနဲ့ အက်ကွဲကြောင်းက ပိတ်သွားပြီး အချိန်တိုအတွင်း ပျောက်ကွယ်သွားတယ်။

စာအုပ်နတ်ဘုရားက အကူအညီမဲ့စွာနဲ့ သူ့နဖူးကို ပွတ်လိုက်ပြီး သူ့လက်သေးသေးလေးကို ဝှေ့ယမ်းလိုက်ရင်း ပြောလိုက်တယ်၊ "သခင်၊ သခင့်ရဲ့ အပေါ်စီကနေ လွှမ်းမိုးထားတဲ့လေထုက လုံးဝ ပျောက်ကွယ်သွားပြီ။ အချီးအနှီးဖြစ်သွားရပြီ!"

"ပျောက်ကွယ်သွားတယ်၊ ဘယ်လိုဖြစ်ရတာလဲ?" ဖုန့်ရှီက သူ့ကိုယ်သူ သံသယနဲ့ ကြည့်လိုက်တယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now