『Description』

23.7K 942 8
                                    

【ရင်ခုန်သံတွေက လျှပ်စီးလက်သလိုနဲ့ လီမွန်လေးလို တဒိတ်ဒိတ်ခုန်မြည်နေတယ်။

〔'ကိုယ့်လုပ်ငန်းနဲ့ကိုယ် အလုပ်များနေတဲ့'ကျောင်းရဲ့ မြက်ကလေး〕နဲ့ 〔'ကျောင်းအလုပ်တွေနဲ့ အလုပ်များနေတဲ့' ထိပ်ဆုံးကျောင်းသားလေး〕တို့ကြားက ဓာတုဗေဒသဘောသဘာဝ တုံ့ပြန်ချက်လေးပဲ ဖြစ်ပါတယ်။ 】

အန်းနင် သည် A တက္ကသိုလ်က ဆင်းရဲတဲ့ ဥပဒေကျောင်းသားလေးတစ်ယောက်ဖြစ်သည်။သူက သဘောကောင်းပြီး အလုပ်ကြိုးစားတတ်တဲ့အပြင် တရားဥပဒေရေးရာမှာလဲ ကြီးမားတဲ့ အမြင်တွေရှိသည်။ သူ့အချိန်တွေကို စာလေ့လာရာမှာနဲ့ စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့ အတွက်ပဲ အသုံးချသည်။

ချင်ဝေ့ဟော် သည် တဲ့တိုးသမားဖြစ်ပြီး မရင်းနှီးတတ်သော ချောမောသည့် ဥပဒေကျောင်းသားတစ်ယောက်ဖြစ်လေသည်။ သူသည်အတန်းတတ်,ခဲပြီး စာလေ့လာဖို့လဲ အားမထုတ်တတ်သူဖြစ်​၏။ သူရဲ့ အချိန်အများစုကို ကျောင်းပြင်ပတွင် သူ ကြိုက်နှစ်သည်များမှ တစ်ခုဖြစ်သည့် 「ကျောက်တောင်တတ်ခြင်း」တွင် အသုံးချလေ့ရှိလေသည်။

ပင်ကိုစရိုက်ကွဲပြားကြတဲ့ လူနှစ်ယောက်မှာ စသင်နှစ် အစမှာပဲ အခန်းဖော်တွေဖြစ်လာကြ​၏။

အန်းနင် ချင်ဝေ့ဟော် ကို ပထမဆုံးတွေ့စဉ်က သူတို့အိပ်ဆောင်ရဲ့ ဟောခန်းမှာဖြစ်သည်။ ချင်ဝေ့ဟော် ကသူ့ကို အေးမြတဲ့လေညှင်းလေးတစ်ခုလို ဘေးချင်းကပ် ဖြတ်သွားချိန်တွင် အန်းနင်မှာတော့ ဘယ်လောက်တောင်သူကချောမောရလဲဆိုပြီး အံဩနေရင်းရပ်ကျန်နေခဲ့သည်။

ထိုနေ့ကစပြီး သူလည်း အိပ်ဆောင်ထဲတွင် သူ့ အခန်းဖော်ကို မမြင်တော့ပါချေ။

ပထမဆုံးအကြိမ် တစ်ယောက်ကိုတစ်ယောက် စကားပြောတာကတော့ ချင်ဝေ့ဟော် က အန်းနင်ကို အကျပ်အတည်းတစ်ခုကနေ ကယ်ထုတ်လိုက်တုန်းကဖြစ်သည်။

ပြန်လှည်သွားပြီး မထွက်သွားခင် သူ သူ့ကို ပြောခဲ့တာက

: "မင်းမသွားချင်ရင် မသွားနဲ့ပေါ့" ဟူ၍။

ကျောင်းမြက်ကလေး ချင်က သူတို့ဟာ အခန်းဖော်တွေဖြစ်ကြကြောင်း သဘောမပေါက်ခဲ့ပါချေ။

နောက်ပိုင်းမှာတော့ ချင်ဝေ့ဟော်တစ်ယောက် ဘတ်စကတ်ဘောကွင်းမှာ နေရာ ပေးခံရပြီး အန်းနင်က အော်ပြောလိုက်သည် :

"ချင်ဝေ့ဟော် ! ငါကအရပ်မရှည်တာကို စိတ်မရှိရင် ငါမင်းအတွက် အသင်းတစ်ခု ဖွဲ့ပေးနိုင်တယ်!"

ထိုည ချင်ဝေ့ဟော် အိပ်ဆောင်ပြန်ရောက်ချိန်တွင်တော့ သူတို့က အခန်းဖော်တွေဖြစ်ကြကြောင်း တွေ့လိုက်ရသည်။

လပေါင်းများစွာကြာတဲ့အခါ လက်ထဲမှာ အိတ်လုံးရှည်ကြီးတစ်လုံးနဲ့ ချင်ဝေ့ဟော်က အိပ်ဆောင်ကိုပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

အန်းနင် စာကြည့်တိုက်ကို လျှောက်သွားနေတုန်း နောက်ကနေ ချင်ဝေ့ဟော် က သူ့ကို ခေါ်လိုက်တာကို ကြားလိုက်ရသည်။သူပြန်လှည့်လိုက်လိုက်ရာ ချင်ဝေ့ဟော်က သူနဲ့ ၂၀မီတာအကွာမှာရပ်နေပြီး မေးလာခဲ့သည်။

"အခန်း နံပါတ်က ဘယ်လောက်လဲ?"

အန်းနင်က ပြုံးပြီး အော်ပြောလိုက်သည် : "606!"

***

ဒါက ဥပဒေ မဟာဌာနမှ ကျောင်းမြက်ကလေးနဲ့ စာကြိုးစားတဲ့ ကျောင်းသားလေးတို့ကြားက ပွင့်လန်းလာတဲ့ ဆက်ဆံရေးတစ်ခုရဲ့ ခပ်နှေးနှေးခရီးရှည်လေးတစ်ခုပဲ ဖြစ်ပါတယ်။

CP : ချင်ဝေ့ဟော် × အန်းနင်

-------------------------------

Qin WeiHangက ဟောင်နဲ့ ဟန်ကြားထဲကအသံလို့ထင်မိလို့ ဟော်လို့ ထွက်လိုက်ပါတယ်။

ဒါလေးကို ဒီအတိုင်း ဖြည်းဖြည်းပါပဲ၊ ဝတ္တုလေးကလဲ Slow romanceလို့ ပြောထားတဲ့အတိုင်း တော်တော်လေးကို အေးပါတယ်။Manhuaလည်း ထွက်ထားပါသေးတယ်။ Shouလေးက မျက်မှန်လေးနဲ့ပါ။

English Translator ရဲ့ Blog မှာဝင်ကြည့်လိုက်တော့ သူက re-translate ခွင့်ပြုထားပါတယ်။ ဘာသာပြန်မယ်ဆို သူ့ကို အသိပေးပြီးcredit ထည့်ပေးပါတဲ့။ ဒါကြောင့် သူ့ကို ဒီ ဘာသာပြန်တဲ့ Linkနဲ့တကွ အသိပေးထားပါတယ်နော်။

ဖတ်ပေးကြတာ ကျေးဇူးတင်ပါတယ်နော်။





လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now