Chapter《10》

2.6K 570 10
                                    


『Unicode』


ကျောင်းစတင်သည့်အချိန်မှလွဲလျှင် အန်းနင်မှာ အချိန်အတော်ကြာသည့်တိုင် ကျောင်းဖိုရမ်ကို မသွားဖြစ်ပါချေ။ အချိန်ဖြုန်းသလိုဖြစ်ပြီး အကျိူးမရှိသလို ခံစားရတာကြောင့်သူ ဖိုရမ်ကြည့်ရတာကိုဘယ်တုန်းကမှ စိတ်မဝင်စားမိခဲ့ပေ။

သို့သော် နှစ်ရက်အကြာတွင် ရှောင်ပေါင်က ချောင်းကြည့်တဲ့ကောင်ဟူသော ကောလာဟလများပျံ့လာလိမ့်မည်ကို သူအနည်းငယ်တော့ စိတ်ပူသွားရသည်။ သူ ဖိုရမ်ကွန်ယက်ထဲကို Log in ဝင်လိုက်ပြီး ဖိုရမ်ကို စစ်ဆေးကြည့်သေညအခါ သူစိတ်ပူနေသည်မှာအမှန်ပင်ဖြစ်လာလိမ့်မည်ဟု မထင်ခဲ့ပါချေ။ ကျောင်းဖိုရမ်ရဲ့ homepageတွင် popular ဖြစ်နေသည့် Voyeurism*အကြောင်းဆွေးနွေးထားသည့်ပိုစ့်တစ်ခုရှိနေပြီဖြစ်သည်။

【*: Voyeurism = တခြားသူတွေရဲ့ အရာကို ချောင်းကြည့်ရတာ မွေ့လျော်နေတဲ့သူပုံစံမျိူးပါ။ နှာဘူးပေါ့နော်><】

ပိုစ့်ကို ဖတ်ဖို့ အချိန်အနည်းငယ်ယူလိုက်ခြင်းမှာ သူ့အတွက် ဖြစ်တောင့်ဖြစ်ခဲပင်။ဥပဒေဌာနတင် မဟုတ်ပါဘဲ Liberal Artsဌာန နဲ့နိုင်ငံခြားဘာသာဌာနတွင်လဲ အလားတူ ဖြစ်ရပ်မျိူးရှိနေသည်ကို သူတွေ့လိုက်ရသည်။

ချင်ဝေ့ဟော်တွင် အတော်လေးကောင်းသည့် ခန့်မှန်းချက်မျိူးရှိပုံရပေသည်။ ယခုမူ ချောင်းကြည့်တဲ့ကောင်က ပြစ်မှု ကျူးလွန်မိနေပြီဖြစ်သည်။

ပိုစ့်တင်တဲ့ မိန်းကလေးမှာ ဥပဒေဌာနမှဖြစ်ပြီး replyထားသည့် မိန်းကလေးများမှာ တခြားဌာနများမှ ဖြစ်နေသည်။

တစ်ခုသော reply မှာ : ဥပဒေဌာနက မိန်းကလေးတွေက သန်မာကြတယ်ဆိုတာ တကယ်ပဲကိုး!သူတို့တွေက ဒီလူကို ထိပ်တိုက်ရင်ဆိုင်တွေ့ဖို့ သတ္တိရှိကြတယ်။ ဒီလူညစ်အတွက် ငါတို့ဘာမှ မလုပ်နိုင်ဘူး။ ဒါကြောင့် ငါတို့တွေ အတန်းထဲကယောက်ျားလေးတွေကို ဒီအကြောင်းပြောပြရမယ်။ သူတို့တွေ ရယ်ပဲရယ်နေမလား၊ ဒါကို အလေးအနက်မထားဘဲနေကြမလားဆိုတာကိုတော့ မပြောနိုင်ဘူး။အဲ့ဒီချောင်းကြည့်နေတဲ့ကောင်က တစ်ယောက်တည်းလား Groupနဲ့လားဆိုတာလဲ ငါတို့တွေမသိဘူးလေ။အရမ်း စိတ်ပျက်ဖို့ကောင်းတာပဲ!

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now