Chapter《22》

2K 450 4
                                    


『Unicode』


ပိတ်ရက်နေ့လည်တွင် ချင်ဝေ့ဟော်က လန်ထျန်းနိုင်ငံက ကျုံးကျင်းဆီကို အလည်သွားခဲ့သည်။ သူရောက်လာသောအခါကျုံးကျင်းရဲ့ မိန်းမ မူတန်က Villaထဲကနေ ထွက်လာတာကို မြင်လိုက်ရ​၏။ သူမက ကဒ်ဘုတ်ဘောက်စ် အကြီးကြီးကိုကိုင်ထားပြီး တံခါးကို ပုခုံးနဲ့ဖွင့်နေသည်။ မူတန် သူ့ကို မြင်သောအခါ အနည်းငယ် အံ့ဩသွားပြီးမှ ရယ်မောလိုက်ရင်းပြောလာသည်။

"မစောလွန်းဘူးလား?"

ချင်ဝေ့ဟော်က ဆိုင်ကယ်သော့ကို သူ့ဂျင်းဂျက်ကတ်ထဲ အမြန်ထည့်လိုက်ပြီး ရှေ့တိုးကာ ဘောစ့်ကို ယူလိုက်သည်။ မူတန်က သူ့ကို ပေးလိုက်ပြီး ပြောလာသည်,"ဂရုစိုက်နော်,လေးတယ်."

ချင်ဝေ့ဟော်ယူလိုက်သောအခါတွင်မူ သူ့အတွက်မလေးပါဘဲ လွယ်လွယ်ပင် သယ်လို့ရလေသည်။ သူက နောက်လှည့်ပြီးသူ့ပုခုံးလောက်တောင်မရှည်တဲ့ မူတန်ကို မေးလိုက်သည်,"ဘယ်မှာထားရမှာလဲ?"

မူတန်က သူ့ကို ကားဂိုဒေါင်ဆီခေါ်သွားခဲ့သည်။ ကားဂိုဒေါင်ထဲတွင် အသုံးမဝင်သည့် ပစ္စည်းများစွာရှိနေ​၏။ ချင်ဝေ့ဟော်က တစ်ခွန်းမှမပြောပါဘဲ ထောင့်စွန်းက ကဒ်ဘုတ်ဘောစ့်ထဲတွင် ကျုံးကျင်းရဲ့ တောင်တက်ကိရိယာတွေ ထားရှိထားတာကို မြင်နေရသည်။

မူတန်က အမောတကော ဖြစ်နေဆဲဖြစ်ပြီး သူ့မနဖူးပေါ်က ချွေးတွေကို သုတ်ပစ်လိုက်ပြီး ကုန်လှောင်ရုံတစ်ဝက်ဖြစ်နေသော ကားဂိုဒေါင်ကို ပတ်ကြည့်လိုက်​ပြီးမှ ပြောလာခဲ့သည်,"ဒါတွေအကုန် မလိုအပ်တဲ့ဟာတွေချည်းပဲ ပစ်ရမှာလဲဝမ်းနည်းဖို့ကောင်းတယ်"

ချင်ဝေ့ဟော်က သူ့ဖြစ်တည်မှု မရှိနေလေအောင်ကြိုးစားရင်း ငယ်ရွယ်တိတ်ဆိတ်တဲ့ သက်တောင်စောင့်ပုံစံအဖြစ်နဲ့သာနားထောင်နေခဲ့သည်။

နှစ်ဦးသား ပြန်ထွက်လာသောအခါ မူတန်က ရုတ်တရက်"အား"ဟု ပြောလာခဲ့သည်။ ချင်ဝေ့ဟော်ရပ်ပြီး ကြည့်လိုက်သောအခါ မူတန်ရဲ့ အကြည့်တွေက သူ့ရင်ဘတ်ပေါ်ကျရောက်နေပြီး ပြောလာခဲ့သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now