Chapter《65》Final

5.9K 618 101
                                    


『Unicode』


ချင်ဝေ့ဟော်က သူ့ရဲ့ ပုံမှန်အမြန်နှုန်းနဲ့မတက်ပေ။ သူ တမင်တကာ အရှိန်လျှော့ထားတာ ဘာကြောင့်လဲဆိုတာ အန်းနင်သိနေခဲ့​၏; သူ့ကို ကာကွယ်ရေးစခန်းမှာ ခဏတာ အနားယူခွင့်ပေးဖို့ပင်။ သို့တိုင် ချင်ဝေ့ဟော်သည်လည်း ဒုတိယမြောက်အပိုင်းကို လျင်မြန်စွာ ပြီးမြောက်သွားခဲ့လေသည်။ သူက အကာအကွယ်စခန်းကို ရောက်ပြီး စတင်တပ်ဆင်ရင်း သူ့လက်တွေကလဲ ကျွမ်းကျင်စွာ လှုပ်ရှားနေ​၏။ သူက အောက်မှာရှိနေတဲ့သူ့ကိုပင် အော်ပြောလိုက်သေးသည်။

"မင်း အဆင်ပြေရဲ့လား? ပိုပြီးနားချင်သေးလား?"

"ဟင့်အင်း! ငါတက်လာတော့မှာ!"

အန်းနင် ခေါင်းမော့လျက် အကျယ်ကြီးပြောမိသည်။ သူ ချင်ဝေ့ဟော်နဲ့ မြန်မြန် အမှီလိုက်ချင်​၏။ ဒီလိုမျိူး ပိုင်းခြားခံရတဲ့တောင်တက်ခြင်းမျိူးက သူ့ကို အနောက်ကျန်ရစ်သလို ခံစားရစေသည်။

ချင်ဝေ့ဟော်က ကာကွယ်ရေးစခန်းရဲ့ လုံခြုံမှုကို ထပ်ခါထပ်ခါအတည်ပြုပြီးနောက် ခေါင်းငုံ့လာကာ သူ့ကို ပြောသည်။

"ဒါဆိုလဲ တက်ခဲ့!"

​ဒုတိယနဲ့ တတိယအပိုင်းတွေမှာလဲ ထိုကဲ့သို့ပင် ပြီးစီးခဲ့လေသည်။ အမြင့်ကလဲ ပို,ပိုပြီး မြင့်လာခဲ့ရာ တောအုပ်ရဲ့နယ်နိမိတ်ကို ဖြတ်အပြီးတွင် နေရောင်က ရုတ်ခြည်း တောက်ပလာခဲ့သည်။ သူတို့တွေ တတိယပိုင်းကို ပြိးဆုံးချိန်၌နေ့လယ် ၁၂:၀၀ နာရီကျော်သွားပြီဖြစ်သည်။

သူတို့ ပထမဆုံးအကြိမ် ကာကွယ်ရေးစခန်းမှာ ရပ်လိုက်ကြပြီး တစ်ခုခုစားကြ​၏။

ချင်ဝေ့ဟော်က သူ့ကို ပြောလာသည်။

"ငုံ့ကြည့်လိုက်"

အန်းနင် လက်ထဲက ပေါင်မုန့်လေးကို ချထားပြီး ငုံ့ကြည့်လိုက်သည်။ ၂၅ထပ်နီးပါးအမြင့်ဖြစ်နေပြီး အကာအရံတွေနဲ့လက်ရန်းတွေလဲ ရှိမနေပေ။ ဒါကြောင့် သူ့အောက်မှာ ဗလာဖြစ်နေသည်; ဒါက အမှန်တကယ်ကို စိတ်လှုပ်ရှားစရာကောင်းလှ​၏။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now