Chapter《15》

2.4K 499 3
                                    

『Unicode』



ထန်ဇစ်ထွက်ခွာသွားသောအခါ ၁၂နာရီတောင် ရှိသွားပြီိဖြစ်သည်။ ယွီရမ်ကလဲ ပစ္စည်းများကို သိမ်း၍ အိမ်ပြန်ဖို့ ပြင်နေပြီ။တောင်တက်တဲ့gym မှာလဲ ရုတ်ခြည်းပင် ဆိတ်ငြိမ်ကာ တိတ်ဆိတ်သွားရသည်။ သူ နောက်လှည့်ပြီး နံရံကို မှီကာ အနားယူနေတဲ့ချင်ဝေ့ဟော်ကို ကြည့်လိုက်မိသည်။ ချင်ဝေ့ဟော်က အားလုံးပြန်သွားမှ တစ်ယောက်တည်း gym ကို အသုံးပြုဖို့ စောင့်နေခဲ့တယ်ဆိုတာ သူသိသည်။

ယွီရမ်က လျှောက်သွားလိုက်ပြီး မြှောက်ထားတဲ့ ချင်ဝေ့ဟော် ခြေထောက်ကို ကန်လိုက်သည်။ ချင်ဝေ့ဟော်က ခေါင်းထောင်လာခဲ့ပြီး သူ့ခြေထောက်ကို အောက်ချလိုက်ကာ Headphoneကို ဆွဲချွတ်လိုက်ပြီး သူ့ကို မသင်္ကာသလိုနဲ့ ကြည့်လာခဲ့သည်။

ယွီရမ်ပြောလိုက်သည်,"သဘက်ခါကျ မင်း ကလပ်ကို ဦးဆောင်ရဦးမှာ , ဒါကြောင့် ဒီနှစ်ရက်အတွင်းတော့ မင်းအနားယူသင့်တယ်"

ချင်ဝေ့ဟော်က Headphoneကို လည်ပင်းမှာ ချိတ်လိုက်ပြီး ဖြေးဖြေးချင်းထိုင်ချရင်း ပြောလာသည်

"ကျွန်တော် ခင်ဗျားကို အကူအညီတောင်းစရာရှိတယ်."

"ဘာလဲ?", ၎င်းက ဒုက္ခမည့် တစ်စုံတစ်ခု ဖြစ်နေမည်ကိုတော့ ယွီရမ်ကြောက်မိသည်။

"သဘက်ခါကျ ကျွန်တော့်သူငယ်ချင်း သုံးယောက်လာကြလိမ့်မယ်။ ကျွန်တော် သူတို့ကို မနက်ခင်းစောစော ခင်ဗျားရဲ့ gymကိုလာဖို့ပြောထားခဲ့တာ။ ခင်ဗျားရောက်ရင် သူတို့ကို စောင့်ဖို့ မှတ်ထားပေးပါ."

ဒုက္ခပေးခံနေရသည့် ယွီရမ်မျက်နှာပေါ်မှ အမူအရာမှာ ချက်ချင်းပင် အနောက်ဘက်က နေထွက်လာသကဲ့သို့ အံ့အားသင့်သွားသည်ကို ပြောင်းသွားရသည်။ သူက ချင်ဝေ့ဟော်ဘေးမှာ ထိုင်ချလိုက်ပြီး အတင်းပြောသကဲ့သို့ မေးမြန်းလိုက်​၏။

"မင်း ဘယ်မှာများ ကျောက်တောင်တက်တဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဖွဲ့လိုက်ရတာလဲ? အထူးသဖြင့် သုံးယောက်ကို တပြိုင်နက်ကြီးလေ? ငါတော့ မပြောနိုင်တော့ဘူး!."

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now