Chapter 《25》

1.9K 468 6
                                    


『Unicode』



ချင်ဝေ့ဟော်ပြောလိုက်တာတွေကြောင့် သူစိတ်အနှောင့်အယှက်ဖြစ်သွားရတာ ဘာကြောင့်များလဲဆိုတာ အန်းနင် မသိတော့ပါချေ။ ချင်ဝေ့ဟော်ရဲ့ အထင်သေးတဲ့ မျက်လုံးတွေကို တွေးလိုက်မိလျှင် သူ အလွန့်အလွန်ကို အဆင်မပြေဖြစ်လာရသည်။

ချင်ဝေ့ဟော် ၏စကားများသည် ကျိုးကြောင်းဆီလျော်မှုရှိရှိ မရှိရှိ၊ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို သူ မစဉ်းစားနိုင်တော့သည်အထိပင်။

မူလက သူသည် အင်္ကျီတွေကိုပြန်ပေးရန် ပိတ်ရက်သင်ခန်းစာအချိန်ထိစောင့်ဖို့ စီစဉ်လိုက်သော်လည်း သူ ထိုနေ့ထိတောင်မစောင့်ချင်တော့ပေ၊ ထို့ကြောင့် ချန်ဖေးကို ဖုန်းခေါ်လိုက်မိသည်။ ချန်ဖေးက သူ အခုပဲ အဝတ်တွေယူလာပေးမယ့်အကြောင်းကြားလိုက်လျှင် သူမက ပြောလာသည်။

"အလျင်လိုစရာမလိုပါဘူး။ မင်းပိတ်ရက်မှပြန်ပေးလို့ရတယ်လေ."

အန်းနင်က အခုပြန်ပေးဖို့ မရမကတောင်းဆိုလိုက်သည်,"ချန်ဖေးကျဲ အခုဘယ်မှာလဲဗျ?"

"ငါက အခုကုမ္မဏီမှာ"

"ကျွန်တော်ကို လိပ်စာလေးပေးပါလား? ကျွန်တော်ကုမ္မဏီကို ပြန်လာပေးပါ့မယ်."

ချန်ဖေးအံ့ဩသွားရကာ မေးမြန်းလာတော့သည်။

"ဘာဖြစ်လို့လဲ!ဘာလို့ အရမ်းစိုးရိမ်နေရတာလဲ?"

"ဘာမှမဟုတ်ပါဘူး." အန်းနင် အမှန်ကိုမပြောချင်ပေ။"ကျွန်တော် အပြင်ရောက်နေလို့ပါ," သူ လသာဆောင်ကို လျှောက်သွားလိုက်ရင်းပြောလိုက်​၏, "ကျွန်တော်အပြင်ရောက်နေလို့ ပြန်ပေးလိုက်ချင်လို့ပါ၊ဒါပါဘဲ."

"... ဒါဆိုလဲကောင်းပြီလေ, ကုမ္မဏီရောက်ရင် အရှေ့စားပွဲခုံပေါ်မှာတင်ခဲ့လို့ရတယ်"

ချန်ဖေးက လိပ်စာတစ်ခု့ပို့ပေးသည်။ အန်းနင် အမြန်ပင် ပစ္စည်းတွေကို ထုတ်ပိုးလိုက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။သူ ချန်ဖေးကုမ္မဏီကို ပြေးလွှားသွားလိုက်ပြီး အရှေ့စားပွဲတွင် အိတ်ကိုချလိုက်ကာ ကြပန်ထွက်လာခဲ့သည်။အသွားအပြန် တစ်နာရီကျော်မျှသာကြာမြင့်လေသည်။ ဘူတာအပြန်တွင် လူတွေက ရတဲ့အချိန်လေးကို ဖုန်းငုံ့ပွတ်နေကြသည်။ အန်းနင်က တွေဝေစွာဖြင့် ဖန်ပြတင်းကိုကြည့်နေလျက် အနက်ရောင် ဥမင်ပေါ်တွင် အလင်းပြန်နေတဲ့ ပင်ပန်းနွမ်းနယ်နေတဲ့လူတွေကို ကြည့်နေမိသည်။ တစ်ကြိမ်စီတိုင်းမှာ ထွက်လာတဲ့ ဘူတာရဲ့ ကြေညာချက်များကို နားထောင်နေမိသော်လည်း သူ့ခေါင်းထဲတွင် ဘာမှ ဝင်မလာခဲ့ပေ။ ထို့ကြောင့် သူ ဘယ်ဘူတာကို ရောက်နေပြီလဲဆိုတာကိုတောင်မသိတော့သလို သူ့စိတ်ထဲက ချင်ဝေ့ဟော်ရဲ့စကားလုံးများကိုလဲ ဘယ်လို ပ,ထုတ်ရတော့မလဲ မသိတော့​။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now