Chapter《3》

3.4K 664 11
                                    


『Unicode』


ချင်ဝေ့ဟော်တစ်ယောက် ကျောင်းမှာသူ့ တည်ရှိနေမှုကို လျှော့ချရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့နေသော်လည်း သူသည် သူ၏ လှုပ်ရှားမှုအရိပ်အယောင် များကို အလွယ်တကူ ဖုံးကွယ်ထားနိုင်သူမျိူး မဟုတ်ပေ။သူ၏ ပင်ကိုယ်စရိုက်မှာ ကျွဲမြီးတိုတတ်ပြီး ချိုင်မုန့် နှင့်ပဋိပက္ခသည် ရေခဲစိုင်ကြီး​၏အစွန်အဖျား မျှသာဖြစ်လေသည်။ 'နဂါးကြိုက်တဲ့ ယဲ့ကုန်း'ကဲ့သို့လူမျိူးများသည် မကြာမီမှာပင် *ဤ 'နဂါး' ကိုကောင်းကောင်းကြီး မနှစ်သက်လေကြောင်း တွေ့ရှိခဲ့ကြသည်။သူက မိန်းကလေးများအပေါ်တွင် အေးစက်လွန်းပြီး ယောက်ျားလေးများအတွက်မူ ခံ့ညားလွန်းနေပေသည်။

သူသာ အရပ်ရှည်ပြီး ချောမောစွာ မမွေးဖွားခဲ့ပါလျှင် လူတွေကသူ့ကို သည်းခံကြမည်မဟုတ်ပါချေ။ ထို့အပြင် သူ့ကို မကြိုက်သည့်သူများက သူ့ကို ရန်မစရဲကြသော်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်က ပြဿနာရှာနေတဲ့သူတစ်ယောက်ဆီမှာ မိနေတာ ကြာလှပြီဖြစ်ပေမည်။

【*: မမှတ်မိတဲ့သူများအတွက်၊ 'တစ်ခုခုကို သဘောကျပေမယ့် တကယ်တမ်းကကြောက်တယ်'လို့ ပြောတဲ့လူတွေအတွက် ဥပမာတစ်ခုပဲဖြစ်ပါတယ်။ ဒီ Idiomက နဂါးတွေကို ကြိုက်ဟန်ဆောင်နေပေမယ့် တကယ်တမ်းမှာကျ ကြောက်နေတယ့် ယဲ့ကုန်းအကြောင်း ဇာတ်လမ်းတစ်ပုဒ်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။】

နောက်ပိုင်းမှာလဲ ပြဿနာက မလွဲမသွေပင် ဖြစ်သွားသေး​၏။

တစ်ခါက Dengsim* အတန်း အပြီးတွင် အန်းနင်နှင့် လျန်ရှန်းဟန်တို့သည် နေ့လည်စာအတွက် အနီးနားရှိ စားသောက်ဆိုင်သို့သွားခဲ့ကြသည်။ ၎င်း စားသောက်ဆိုင်မှာ အနုပညာဌာန နှင့် နီးသည်။ ကျောင်းဝန်းအတွင်း ကန်တင်းများတွင် နာမည်အကြီးဆုံးတစ်ခုပင်ဖြစ်လေသည်။ သို့သော်လည်း သူတို့ဌာနမှ ဝေးလှမ်းသဖြင့် အန်းနင်မှာတော့ ပထမဆုံးအကြိမ် ဒီကိုလာစားတာပင်ဖြစ်လေသည်။

【* Dengism ဆိုတာက Deng Xiaoping Theory ပါတဲ့။ နိုင်ငံရေးနဲ့ စီးပွားရေး အရ အတွေးနဲ့အမြင်အကြောင်းအရာတွေကို သင်ရတာပါ။မြန်မာလိုတော့ မရှိဘူးထင်တယ် 】

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now