Chapter 《4》

3.1K 625 7
                                    

『Unicode』

ချင်ဝေ့ဟော်က သူ့ကို ကွင်းထဲကနေ ရွှီသံပြုနေဆဲဖြစ်သော လဲ့ကျွင်းနဲ့ သူ့အဖွဲ့ကို လျစ်လျူရှုခဲ့သည်။ သို့သော် ထွက်လာခဲ့သည့် သူ့နောက်ကျောမှာတော့ ထိန်းချုပ်ထားရသလိုဖြစ်နေသည်။ ဒါကို အန်းနင် မျက်မှန်မတပ်ထားလျှင်တောင် ဘေးကွင်းမှာရှိနေသောကျောပိုးအိတ်နှင့် ဂျက်ကတ်တို့ကို ထုတ်ပိုးနေသည့် ချင်ဝေ့ဟောန်​၏ လုပ်ရှားမှုများဆီမှ မြင်နိုင်လောက်သည်။ သူက ဂျက်ကတ်ကိုဆွဲယူလိုက်ပြီး ကျောပိုးအိတ်ထဲကို ထိုးထည့်လိုက်ချိန်တွင် ရေငုပ်နာရီကမြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ချင်ဝေ့ဟော် ခေါင်းငုံ့၍ ကုန်းကောက်လိုက်ပေမယ့် သူ့လက်မှာ မဝတ်လိုက်ပေ။ အဲ့ဒီအစား သူရဲ့ အားကစားဘောင်းဘီအိတ်ထဲကို တစ်ချက်ပင်မကြည့်ပဲ ထိုးထည့်လိုက်သည်။

မောက်မာဟန်ထင်ရသော်လည်း သူက မထင်ထားစွာပင် အလွယ်တကူ ရန်စနိုင်သည့် လူမျိူး မဟုတ်ပါလားဟု အန်းနင်တွေးလိုက်မိသည်။ရိုးရိုးသားသားပြောရလျှင် မျက်မှန်မပါဘဲတောင် သူ့ရှေ့တွင်လျှောက်သွားနေသည့် ချင်ဝေ့ဟော်က ပိုရှည်နေတာကို မြင်​ရ​၏။ ချင်ဝေ့ဟော်က နောက်ကိုတစ်ချက်မှမကြည့်ဘဲ ရှေ့ဆက်လျှောက်နေရာ လဲ့ကျွင်းနှင့် သူ့အဖွဲ့တို့ကလဲ တဖြည်းဖြည်းရပ်သွားကြလေသည်။ အန်းနင် ချင်ဝေ့ဟော်အနောက်မှလိုက်လာခဲ့ရာ ချင်ဝေ့ဟော် တစ်စုံတစ်ခုကို ကန်ပစ်လိုက်သည်ကို မြင်လိုက်ရ​၏။၎င်းမှာ စတန်း လှေကားအောက်ကိုပစ်ထားသော ရေဘူးတစ်ဘူးဖြစ်လေသည်။ သူက ဘေးဘက်ကို အသာလေး ကန်ပစ်လိုက်​၏။

ဘေးကွင်းတွင် လှောင်ပြောင်နေသံအနည်းငယ်ရှိနေ​၏။ တချို့လူများကတော့ ချင်ဝေ့ဟော်ရဲ့ကန်ချက်မှာ ထွက်ပေါက်ရှာနေတာဟု ထင်သွားနိုင်သော်လည်း အန်းနင်ကတော့ ထိုသို့မထင်ခဲ့ပါချေ။ သူက ခပ်ပေါ့ပေါ့ပဲ ကန်ပစ်လိုက်တာကြောင့် လမ်းပေါ်က ခလုတ်တစ်ခုကို ဖယ်လိုက်သကဲ့သို့ပင်။

ချင်ဝေ့ဟော်က လှေကားမရောက်မချင်း မရပ်ခဲ့ပေ။ သူက ပြန်လှည့်လာပြီး သူ့ကို မျက်မှန်လေး ပြန်ပေးခဲ့သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now