Chapter《56》

1.7K 379 4
                                    


『Unicode』

နောက်ဆုံး မေဂျာ စာမေးပွဲအပြီးမှာတော့ ရှောင်ပေါင်က သူတို့လေးယောက် ညစားစားရန် စီစဉ်လာခဲ့သည်။ ၎င်းကဒီsemesterအတွက် သူတို့ရဲ့ နောက်ဆုံး ညစာ ဖြစ်လောက်သည်။

ထိုအချိန်တွင် အားလုံးက တရုတ်နှစ်သစ်ကူးအတွက် အိမ်ပြန်ဖို့ လက်မှတ်တွေကြိုဝယ်နေကြပြီ။

ချိန်းထားတဲ့ အချိန်က ည၇:၃၀ ဖြစ်ပြီး နေရာကတော့ အရင်တစ်ခေါက်က Fatty Dry Pot စားသောက်ဆိုင်ပင်။

အန်းနင်က ၁၀မိနစ်နောက်ကျခဲ့​၏။

ယွမ်ရှောင်ယဲ့ကလဲ သူ့ရဲ့ အတန်းတင်စာမေးပွဲကို ဖြေနေပြီဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ စာမေးပွဲမတိုင်မှီသူ ယွမ်ရှောင်ယဲ့ကို တွန်းသင်ပေးခဲ့ပါသည်။

သူ ရောက်တဲ့အခါ Dry Potဆိုင်က လူပြည့်နေပြီ ဖြစ့်ပြီး အနံ့နဲ့ အပူရှိန်တို့ပင် ဆိုင်ပြင်ကနေ လမ်းဘက်ထိ တိုးဝှေ့လာကဲသို့ပင်။ အန်းနင် ဆိုင်ထဲဝင်လိုက်ရာ တစ်ချက်ကြည့်ရုံဖြင့် ချင်ဝေ့ဟော်ကို မြင်လိုက်ရသည်။

ချင်ဝေ့ဟော်က တံခါးကို ကျောပေးထိုင်ထားပေမယ့် သူ့ကျောကပင် မျက်စိဖမ်းစာနိုင်စွမ်းရှိသည်။ လွန်ခဲ့တဲ့အပတ်ကြောင်ဖမ်းပေးခဲ့တုန်းက လည်ထောင်ဆွယ်တာ အနက်နဲ့ မီးခိုးဖျော့အင်္ကျီကို ဝတ်ထားဆဲဖြစ်သည်။ အန်းနင် ပထမဆုံးချင်ဝေ့ဟော်ရဲ့ နောက်ကျောကို မြင်လိုက်ရပြီးနောက် လျန်ရှန်းဟန်က သူ့ကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လာခဲ့သည်။ ထိုအခိုက် ချင်ဝေ့ဟော်ကလဲ သူ့ကို လှည့်ကြည့်လာခဲ့ရာ - မီးခိုးတွေထူထဲ နေရာမှတဆင့် ပွက်လောညံနေခဲ့တဲ့ အမှတ်ရစရာတစ်ခုကို ယူဆောင်လာခဲ့သည်။

သူ လျှောက်သွားလိုက်တဲ့အခါ စားပွဲပေါ်မှာ ဘာမှမရှိသေး; သုံးယောက်လုံး သူ့ကို စောင့်နေခဲ့တာဖြစ်သည်။ အန်းနင် သူ့ကျောပိုးအိတ်လေးကို ချပြီး ထိုင်လိုက်ကာ,

"တောင်းပန်ပါတယ်၊ ကားတွေပိတ်နေလို့!"

"ရပါတယ်ကွာ," လျန်ရှန်းဟန်က အပြုံးလေးနဲ့ဆိုသည်, "ငါတို့လဲ ခုမှရောက်တာ၊ ပြီးတော့ ချင်ဝေ့ဟော်ကတော့ မင်းထက် နှစ်မိနစ်လောက်စောရောက်တယ်"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now