Chapter 《28》

2K 466 4
                                    


『Unicode』



ထန်ဇစ်က ကျောက်တောင်တက်Gymကိုရောက်လာခဲ့ပြီး အဝတ်လဲကာထွက်လာခဲ့သည်။ ဒီနေ့မှာတော့ သူက ကျောက်တောင်တုနံရံတွင် Top Ropingလုပ်ဖို့ လာခဲ့တာဖြစ်သည်။ သူမထွက်လာတဲ့အချိန်မှာ ချင်ဝေ့ဟော်က ကျောက်နံရံအောက်တွင်ရပ်နေခဲ့​၏။ သူက ခေါင်းလှည့်လာပြီး သူမကို တစ်ချက်ကြည့်လျက် မျက်မှောင်ကြုတ်သည်။

"သိုင်းကြိုးတပ်"

ထန်ဇစ်က ဖြည်းဖြည်းချင်းငုံ့လိုက်ပြီး သိုင်းကြိုးတပ်ကာပြောလိုက်သည်။

"ပြီးပြီ, နည်းပြ."

ချင်ဝေ့ဟော်က ပြန်လှည့်ကြည့်ပြီ သူမရဲ့ သိုင်းကြိုးကိုတစ်ချက်စစ်ကာ ကြိုးကိုကမ်းပေးလိုက်သည်။

ထန်ဇစ်က ကြိုးကိုယူလိုက်ပေမယ့် ရုတ်တရက်ဆိုသလို ချင်ဝေ့ဟော်သင်ပေးခဲ့တဲ့ Figure -eight Knotချည်ဖို့ မမှတ်မိဖြစ်သွားရသည်။

သူမက ခေါင်းမော့လိုက်ပြီး ချင်ဝေ့ဟော်ကို တစ်ချက်ကြည့်မိသည်။ ချင်ဝေ့ဟော်ကတော့ ခေါင်းငုံ့ကာ ကာကွယ်ရေးကိရိယာ*တွေကို ကြိုးတပ်နေခဲ့သည်။ သူက ခုထိ တူတူပဲ,သူ့ရဲ့သိုင်းကြိုးပေါ်မှာ အားကစားဝတ်စုံအနက်ကို ဝတ်ဆင်ထားဆဲပင် ။ သူမ ကျောက်တောင်တက်သင်တာ ကြာပြီဖြစ်ပေမယ့် တက်တဲ့Gymတစ်ခုလုံးမှာ ချင်ဝေ့ဟော် တစ်ယောက်သာ ဒီလိုဝတ်တာကို တွေ့ဖူးလေသည်။ သူမကြည့်နေခဲ့တာကို သဘောပေါက်သွားသည့်နောက်မှာတော့ ချင်ဝေ့ဟော်က သူမကိုသတိရှိစွာဖြင့် မေးလာခဲ့သည်။

"မင်းက ငါကို ဘာကြည့်နေတာလဲ?"

【* TN- တောင်တက်ကြိုးပေါ်တွင် ဘရိတ်တစ်ခုအဖြစ် လုပ်ဆောင်ပေးသည့် ကိရိယာတစ်ခု။】

ထန်ဇစ်က သူမမျက်လုံးတွေကို လှန်ချလိုက်ပြီး ကြုံသလို စည်းလိုက်ရုံမှလွဲ၍ ရွေးစရာမရှိတော့ပေ။ မထင်မှတ်ပါဘဲ သူမဟာ မျက်ကန်းသဖွယ် figure-eight knot.ကို ချည်နိုင်ခဲ့လေသည် ။ မည်သို့ဆိုစေ သိုင်းကြိုးတပ်ပြီးနောကိတွင်တော့စောစောက ဘယ်လိုချည်လိုက်မိသလဲဆိုတာ ပြန်မေ့သွားပြီး တောင့်ခဲသွားရလေသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now