Chapter《18》

2.3K 497 5
                                    

『Unicode』



ချင်ဝေ့ဟော်ပြန်ဆင်းလာချိန်တွင် တက်တက်ကြွကြွရှိလှတဲ့ လက်ခုပ်ဩဘာသံများနဲ့ လေးစားအားကျခြင်းတွေဝန်းရံလျက်ရှိသည်။ သူခေါင်းလှည့်ကြည့်မိသောအခါ သူ့ရဲ့အနောက် ဘယ်ဘက်မှာရှိနေတဲ့ အန်းနင်ကို မြင်လိုက်ရသည်။တစ်ဖက်လူက သူနဲ့အလွန်နီးကပ်စွာရပ်နေလိမ့်မယ်လို့ သူမထင်ထားခဲ့သောကြောင့် တစ်ခဏတွင်တော့ သူ အနည်းငယ်အံ့ဩသွားရသည်။

သူ ခေါင်းလှည့်လာသည်ကို မြင်သောအခါ အန်းနင်က လေးစားအားကျခြင်းတွေကို စိတ်အားထက်သန်စွာဖော်ပြတော့သည်။သို့သော် "မင်းကအရမ်းမိုက်တာပဲ",လို့ သူ မပြောနိုင်လိုက်မှာပဲ ချင်ဝေ့ဟော်က လျင်မြန်စွာခေါင်းငုံ့သွားကာ လုံခြုံရေးပစ္စည်းများကို ချွတ်လိုက်​၏။

အန်းနင်က သူ့ရဲ့ မီးခိုးဖျော့ရောင်ဆွယ်တာကို ကိုင်ထားရင်း ဘေးဘက်မှာရပ်ကာ စိတ်ရှည်လက်ရှည်နဲ့စောင့်နေပေးသည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်မှာ ကျောက်နံရံကြီးကို စိုးမိုးသိမ်းပိုက်ထားတဲ့ ဒီအခန်းဖော်လူချောလေးရဲ့ အံ့ဩသင့်ဖွယ်အားထုတ်မှုများပေါ်တွင် နှစ်မြှုပ်နေဆဲ ဖြစ်နေသကဲ့သို့ ထိန်းချုပ်မရနိုင်စွာရှိနေသည်။

ဒါက တောထဲရှိ ကျောက်တောင်တက်လှုပ်ရှားမှုများတွင် Lead Climbing တစ်ခုသာဖြစ်သည့်တိုင် ချင်ဝေ့ဟော်ရဲ့ တောင်တက်သည့် လှုပ်ရှားမှုများမှာ ကြည့်ရတာ ကျေနပ်ဖွယ်ဖြစ်လာခဲ့သည်။ ကျောက်နံရံရဲ့အောက်တွင် ဆွေးနွေးနေမှုမှာ စိတ်အားထက်သန်မှုအပြည့်ဖြင့် ဖြစ်နေပြီး တချို့ဆိုလျှင် ချင်ဝေ့ဟော်ရဲ့ တောင်တက်လမ်းကြောင်းကိုပင် မော့ကြည့်ရင်း လေ့လာနေဆဲဖြစ်သည်။ချင်ဝေ့ဟော်ဆုပ်ကိုင်ခဲ့သည့်နေရာများတွင် မြေဖြူအမှတ်များရှိနေသဖြင့် အောက်က တောင်တက်သမားများမှာ မြေပုံအတွက်အဆင်သင့်လမ်းကြောင်း ရသွားခဲ့သည်။ ၎င်းမှာ ပုံမှန်အားဖြင့် အလွန်အဆင်ပြေသွားစေသော်လည်း ရှိပြီး မြင်လိုက်ရတဲ့ လူအများစုကတော့ ချင်ဝေ့ဟော်ရဲ့ တောင်တက်တဲ့ styleကို အတုမခိုးရဲပါချေ။ သူတို့က ခေါင်းယမ်းရုံသာတတ်နိုင်ပြီး မြေပြင်ပေါ်မှာဦးညွှတ်နေရုံသာတတ်နိုင်သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now