Chapter 《40》

1.9K 380 6
                                    


『Unicode』


ဒီဇင်ဘာ ၁ရက်နေ့တွင် မိုးလေဝသ ကြိုတင်ခန့်မှန်းသူက ထိုနေ့ရက်အတွင်း မိုးသီးကြွေနိုင်တယ်လို့ ခန့်မှန်းထားခဲ့ပေမယ့်နေ့လည်ခင်း အတန်းထိတိုင်အောင်ပင် ရာသီဥတုဟာ အေးစိမ့်ပြီး ဆောင်းရာသီဆန်နေခဲ့သည်။ သို့တိုင် အတန်းအပြီးမှာတော့ ကောင်းကင်က ရုတ်ခြည်းတိမ်ထူလာလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ပေ။

အန်းနင် သူ့အတန်းဖော်တွေ ထွက်သွားတာကို စောင့်လိုက်ပြီး မြန်မြန်ပင် စာသင်ခန်းကို သန့်ရှင်းရေးစလုပ်တော့သည်​။

သူ ထိုင်ခုံတွေကို အကုန်ဆွဲထုတ်ပြီးချိန်မှာပဲ ကောင်းကင်က မှောင်မဲလာကာ မုန်တိုင်းထန်လာခဲ့​၏။

သူက တံမြက်စည်းလှဲတာကိုသာ နှစ်မြှုပ်ထားလျက် စာသင်ဆောင်ကြီး တိတ်ကျသွားသည်အထိ လှဲပြီးရင်း လှဲနေခဲ့သည်။ အဆောက်အအုံထဲတွင် သူမှတပါး ဘယ်သူမှ မရှိတော့ဘူးဖြစ်သည်။

ပြတင်းပေါက် အပြင်ဘက်တွင် လေပြင်းများတိုက်ခတ်နေခဲ့သည်။ လေပြင်းသံများက လူမရှိတဲ့ အဆောက်အအုံရဲ့ ကော်ရစ်တာကို ဖြတ်သန်းသွားပြီး သစ်ရွက်တွေကလဲ အဆက်မပြတ်ဝင်လာခဲ့​၏။ အန်းနင် အနည်းငယ် အဆောတလျင်ဖြစ်သွားရပြီး ပြတင်းပေါက်ကို အနည်းငယ်လေးကန်စွာ ပိတ်လိုက်ရသည်။

အခုမှ သန့်ရှင်းထားတဲ့ ကြမ်းပြင်ဟာ ထပ်ပြီး တံမြက်လှည်းရပေဦးမည်။

ဒီနှုန်းအတိုင်းဆိုလျှင် လေပြင်းမိုးပြင်းတွေ ကျလာတော့မည့်ပုံပေါ်သည်။ သူ တစ်ဝက်သာလှည်းထားရတဲ့ စာသင်ခန်းကိုကြည့်လိုက်ပြီး စာသင်ဆောင်မှာပဲ ပိတ်မိကောင်း ပိတ်မိနေနိုင်သလို ခံစားလိုက်ရ​၏။

သူ ကြမ်းပြင်မှာ တံမြက်လှည်းနေတာကိုပဲ နှစ်မြှုပ်ထားလိုက်လျှင် အနောက်ကနေ ရုတ်တရက်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဘာလို့ အခုထိ ဒီမှာရှိနေသေးတာလဲ?"

အန်းနင် ထို အသံနိမ့်နိမ့်နဲအလွန်ကို ရင်းနှီးနေခဲ့သည်။ သူမယုံနိုင်သဖြင့် ခေါင်းမော့၍ လှည့်ကြည့်မိလိုက်သည်။ လေအေးများအလယ်တွင် ချင်ဝေ့ဟော်ရဲ့ အသံက ရုတ်တရက်ကြီး စာသင်ဆောင်မှာ ထွက်ပေါ်လာခဲ့ကာ သူ့ကို အတော်အသင့်ကယ်တင်လိုက်​၏။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now