Chapter《36》

1.9K 442 6
                                    


『Unicode』

နောက်တစ်နေ့ မနက်တွင် အန်းနင် ခေါင်းအုံးဘေးမှ ဖုန်းတုန်ခါလာမှု ကြောင့် နိူးလာခဲ့သည်။ မနေ့ညက သူဉာဉ့်နက်မှအိပ်ပျော်သွားပြီး မျက်မှန်ပါ မချွတ်ခဲ့ရတာကို သတိရမိသည်။ သူ အများကြီးမတွေးလိုက်ပါဘဲ ၎င်းကို ချွတ်ပြီး ပြန်အိပ်လိုက်​၏။ အခု သူနိုးလာသောအခါ အုံးတားနားက သူ့စာအုပ်မှာပွင့်လျက်သားရှိနေပြီး မနေ့ညက မီးမပိတ်လိုက်ရတာကိုလဲ သတိရသွားသည်။ ချင်ဝေ့ဟော်ကပဲ မီးပိတ်ပေးသွားတာဖြစ်ပေမည်။

ဒီတစ်ကြိမ်မှာတော့ သူ ချင်ဝေ့ဟော်ကို မနှိုးမိတော့ပေ။ သန့်စင်ဆေးကြောပြီး အခန်းထဲကမထွက်ခင်မှာ ချင်ဝေ့ဟော်ရဲ့အိပ်ရာကို တစ်ချက်ကြည့်မိသည်။ ချင်ဝေ့ဟော်က ပုံစံတူအနေအထားနဲ့ အိပ်ပျော်နေဆဲပင်; သူ့လက်မောင်းတွေက အမြဲတစေ ခေါင်းအုံးပေါ်မှာ လှဲချထား​၏။ ရံဖန်ရံခါ သူတို့တွေက အိပ်ရာအပြင်ဘက်ကို ထွက်ကျနေတတ်သည်။ ကံကောင်းစွာနဲ့ ဒီနေ့မှာတော့ အိပ်ရာဘေးတွင် သူက လက်မောင်းတွေနဲ့ ခေါင်းအုံးကို ဖက်ထားလေသည်။ သို့သော် သူ့ပုခုံးမှာတော့စောင်လွတ်နေခဲ့​၏။

သူ မအေးဘူးလား?

တတိယနဲ့ စတုတ္ထပိုင်းသည် အင်္ဂလိပ်စာဖြစ်သည်။ ချင်ဝေ့ဟော်အတန်းလာလိမ့်မည်ဟု အန်းနင် မတွေးမိခဲ့ပေမယ့် မထင်မှတ်ပါဘဲ သူ တကယ် အတန်းတက်ခဲ့သည်။လက်ချာဟောခန်းထဲကို သူ လျှောက်လာချိန်တွင် တစ်တန်းလုံးရဲ့ အာရုံကလဲ သူ့ဆီကိုကျရောက်နေခဲ့သည်။ ဒီနေ့ရက်တွေမှာတော့ အန်းနင်တစ်ယောက် ချင်ဝေ့ဟော်ရဲ့ အရည်အချင်းတွေဖြစ်တဲ့ သူ့မျက်နှာကို နောက်လှည့်ကြည့်စရာမလိုတော့ပေ။ ချင်ဝေ့ဟော်က အပြင်ဘက်မှာပဲရှိနေခဲ့ပြီး လှေကားဆီမှ လျှောက်လာခဲ့​၏။

အန်းနင်မှာ အပြင်ဘက်တွင် ပိန်သွယ်တဲ့ ဟူဒီအဖြူနဲ့ အပြာရောင် ဂျင်းဂျတ်ကပ်ဝတ်ဆင်ထားသော အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်ကို ရိပ်ခနဲ့ ဝိုးတဝါးဖမ်းမိလိုက်ရာ သူက ၉၉%လောက် ချင်ဝေ့ဟော် ဖြစ်နေမည်ဆိုတာ သေချာခဲ့သည်။

ချင်ဝေ့ဟော်က ကျောပိုးအိတ်ဖြင့် လက်ချာဟောခန်းထဲကို လျှောက်လို့လာသည်။သူအရှိန်လျှော့လိုက်ပြီး အတန်းထဲရှိလူတွေကို ခေါင်းမော့ကြည့်လိုက်​၏။ အန်းနင်က သူ့ကို လက်မြှောက်ပြလာသည်။ သူတို့မျက်လုံးတွေဆုံသွားကြသောအခါချင်ဝေ့ဟော်က သူ့လားရာကို လျှောက်လာခဲ့တော့​၏။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now