Chapter 《44》

1.5K 402 9
                                    


『Unicode』

ယွီရမ် လော့ကာခန်းထဲကိုလျှောက်သွားရာ ချင်ဝေ့ဟော် ခုံတန်းလျားမှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ သူက ဂျာကင်အနက်ရောင်နဲ့ အဖြူရောင် ဂျင်းကို ပြန်လည်ဝတ်ဆင်ထားပြီး ဖြစ်သည်။ သူက ခေါင်းကိုငုံ့ချထား၍ sneakerကို စီးနေသည်။

"မင်းမှာ ပြောချင်တဲ့စကားလေးဘာလေးများ ရှိမနေဘူးလား?"

ယွီရမ်က လျှောက်လာကာ ချင်ဝေ့ဟော်ကို မျက်ခုံးပင့်၍ ပြောလိုက်သည်။ သူ ပိုစဉ်းစားမိလေလေ ၊ အသဲကွဲသလို ခံစားရလေဖြစ်နေသည်။ လော့ကာခန်း နောက်မှ Bouldering နံရံပေါ်မှာ လေ့ကျင့်နေတဲ့ ထန်ဇစ်ရဲ့ ယုံကြည်မှုအပြည့်နဲ့ အသံကိုကြားနေရဆဲဖြစ်သည်။

"ရှေ့လျှောက်လဲ ဒီမိန်းမအိုကြီးကို အနိုင်ယူလို့မရဘူး!." ယွီရမ် နာကျင်စွာနဲ့, "မင်း ငါ့ကို တစ်ထောင်ရှုံးအောင်လုပ်လိုက်တယ်"

ချင်ဝေ့ဟော်က စကားတစ်ခွန်းမှမပြောပါဘဲ ပုခုံးတွန့်လိုက်ပြီး ရှူးဖိနပ်ကြိုးချည်ရန် ကိုင်းချလိုက်သည်။ ချင်ဝေ့ဟော်ကသူ့ရှူးဖိနပ်ကြိုးကို ဘတ်စကက်ဘောကစားသမားတွေချည်တဲ့နည်းကို အသုံးပြု၍ ချည်တတ်သည်။

နှစ်ဖက်စလုံးရှိ ဖိနပ်ကြိုးများကို နောက်ဆုံး ဖိနပ်ကြိုးနှစ်ပေါက်​၏ တစ်ဖက်စီတွင် ဝတ်ဆင်ထားပြီး လက်ချောင်းများကဖိနပ်ကြိုးနှစ်ချောင်းကြားတွင် ကွင်းပတ်ချိတ်ကာ နောက်ဆုံးတွင် အလယ်တွင် ချည်နှောင်ထားသည်။

သူ့ နည်းလမ်းက လူအများစုရဲ့အကျင့်နဲ့ ပြောင်းပြန်ဖြစ်​၏။ အနက်နဲ့ အဖြူ Kyrie 6 ကို စီးလိုက်တဲ့အခါမှာ တခြားသူများထက်ပင် ပို၍ ကြည့်ကောင်းအောင် လုပ်လိုက်သလိုပင်။ ဒါပေမယ့်လဲ အဲ့ဒီကြည့်ကောင်းတာကို ဘယ်လို သောက်ကျိုးနည်းအသုံးပြုနေလို့လဲ? သူကဖြင့် ဘယ်လို အသုံးချရမလဲတောင် သိနေတာမဟုတ်ဘူး။

ယွီရမ် အထက်တန်းကျောင်းတုန်းက ဘတ်စကက်ဘောပြိုင်ပွဲကို ပြန်လည် အမှတ်ရမိသည်​။ သူနဲ့ ကျုံးကျင်းတို့ ချင်ဝေ့ဟော်ကို အားပေးဖို့ရာ စုပေါင်းခဲ့ပေမယ့် သူတို့အဲ့ဒီရောက်တဲ့အခိုက်မှာပဲ မြင်ကွင်းက ဆိုးဝါးနေ​၏။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now