Chapter 《38》

1.8K 394 0
                                    


『Unicode』


ဒါက ချင်ဝေ့ဟော်နဲ့ အတန်းဖော်ဖြစ်ရတဲ့ သူ့ဘဝစတင်တာပါပဲ..။

အန်းနင်က ချင်ဝေ့ဟော်ကို စာကူသင်ပေးပြီး ချင်ဝေ့ဟော်ကတော့ သူ့ကို တောင်တက်Gymကို ခေါ်သွားပေးတတ်သည်။သူတို့တွေ တောင်တက်Gymကို ဒုတိယအကြိမ်ရောက်လာကြသောအခါ အန်းနင် အရာတစ်ခုကို သတိရသွားသည်။ရှူးဖိနပ်တွေလဲဖို့အတူထိုင်လိုက်ကြတဲ့ အချိန်မှာ သူ ချင်ဝေ့ဟော်ကို အသံတိုးလေးနဲ့ မေးလိုက်မိသည်။

"ငါ ဒီကိုလာဖို့ ပိုက်ဆံပေးရမှာ ဟုတ်တယ်မလား?"

သူ အရင်တစ်ခေါက်က စဉ်းစားဉာဏ်ကင်းမဲ့ခဲ့သည်; တောင်တက်ပြီးတဲ့အခါ သူပဲ ချွေးတရွှဲရွှဲနဲ့ ရှောင်ပြေးသွားခဲ့​၏။

ဒီနေ့ကတော့ နားရက်ဖြစ်တာကြောင့် အရင်တစ်ခေါက်ကထက် Gymမှာ လူပိုများနေခဲ့သည်။ ချင်ဝေ့ဟော်က မကြားပါဘဲ"ဟင်?"ဟု အသံပြုလာကာ အန်းနင်ဆီကို ခေါင်းငုံ့လာခဲ့​၏။

အန်းနင်မှာ နီးကပ်လာတဲ့ ချင်ဝေ့ဟော်နားတွေကို ကြည့်ရင်း နေရခက်စွာပြောလိုက်မိသည်,"ငါအရင်တစ်ခေါက်တုန်းကပိုက်ဆံမပေးခဲ့ရဘူးလို့..."

ချင်ဝေ့ဟော်က ဤသည်ကိုကြားလျှင် သူ့ကိုယ်ကို ပြန်မတ်ကာ သူ့ကို ကြည့်လာခဲ့သည်။

"ငါ မင်းကို စာသင်ပေးဖို့ တောင်းဆိုထားတာလေ ပြီးတော့ ပေးစရာလဲ မလိုဘူး."

အန်းနင်ကတော့ ဒါက မမှန်ကန်ဘူးလို့ ခံစားနေရဆဲပင်,"အဲ့ဒါက မတူဘူးလေ! နောက်ဆက်တွဲ သင်ခန်းစာတွေက ငါတို့အပိုင် ပိုင်နက်ပဲ! ဒါပေမယ့် ဒါကကျ တခြားသူရဲ့ ပိုင်နက်လေ"

ချင်ဝေ့ဟော်က ခုံတန်းလျားမှာထိုင်ရင်း ရှူးဖိနပ်ဆီကို ကိုင်းလျက် သူ့ဘာသူ ရေရွတ်လိုက်သလို ခပ်ဖျဖျရယ်မောလိုက်သည်။

"...ငါတို့အပိုင် ပိုင်နက်.*"

【*TN: အန်းနင်ပြောလိုက်တဲ့ စကားလုံးက ချင်ဝေ့ဟော်တို့ရဲ့ ထိန်းချုပ်မှုအောက်ကနေရာ (dìpán) လို့ ပြောလိုက်တာကြောင့် ရယ်လိုက်တာပါ။ Gangster တွေ သူတို့ ပိုင်နက်ကို ပြောရင် ဒီစကားလုံးကို သုံးကြပါတယ်တဲ့ 】

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now