Chapter 《42》

1.7K 379 4
                                    


『Unicode』



ခရစ်စမတ်မတိုင်ခင် နောက်ဆုံးအကြိမ် သူတို့ ကျောက်တောင်တက်သွားတုန်းက အရုဏ်တက်ချိန် မှောင်နေဆဲပင်ဖြစ်သည်။ အန်းနင် ဆုံးဖြတ်ချက်တစ်ခုချလိုက်မိသည်။ တောင်တက်Gymထဲမှာ ချင်ဝေ့ဟော် မီးတွေအားလုံးဖွင့်လိုက်တဲ့အခါ သူသတ္တိလေးကို ထုတ်လိုက်ပြီး ပြောလိုက်သည်။

" ငါ Protector ဘယ်လိုဖြစ်ရမလဲဆိုတာ သင်ချင်တယ် ,ရမလား?"

ချင်ဝေ့ဟော်က သိသာစွာပင် တောင့်ခဲသွားပြီး ခဏတာမျှ စကားမပြောခဲ့ပေ။ အန်းနင်လဲ သူ့ကို အဖြေပေးလာဖို့ကမန်းကတန်းမလုပ်ခဲ့​။ ချင်ဝေ့ဟော်က ချက်ချင်း အဖြေပေးမလာပေမယ့် သူ့ခြေလှမ်းတွေကို နှေးထားပြီး စဉ်းစားနေခဲ့သည်။ လော့ကာခန်းထဲတွင် အန်းနင်က ချင်ဝေ့ဟော်ဘေးမှာ ထိုင်နေပြီး သူ ရှူးဖိနပ်ပြောင်းနေတာကို ကြည့်နေခဲ့သည်။ဖိနပ်လဲနေတဲ့ နှူန်းက သာမန်ထက် နည်းနည်း ပိုနှေးနေခဲ့သည်။ သေချာပေါက်က်ု သူဒီအဆိုပြုချက်ရဲ့ ဖြစ်နိုင်ခြေကိုစဉ်းစားနေခဲ့တာပင်။

သေချာတာပေါ့ သူ သူ့ကို ဘယ်လို ငြင်းရမလဲဆိုတာ စဉ်းစားနေတာပဲ ဖြစ်နိုင်တယ်။

"မင်း ဒီနေ့ သင်ချင်လား?", ချင်ဝေ့ဟော်က ရုတ်တရက်မေးလာခဲ့သည်။

ထိုသို့ကြားသောအခါ အန်းနင်ခေါင်းလှည့်ကြည့်လိုက်မိသည်။ ချင်ဝေ့ဟော်က သူ့ရဲ့ရေငုပ်နာရီကို ချွတ်လိုက်၍ကျောပိုးအိတ်ထောင်ရဲ့ ဘေးကို ပစ်ထည့်လိုက်ကာ သူ့ကို ကြည့်ရင်းမေးနေခဲ့သည်။

"ဖြစ်နိုင်မယ်ဆိုရင်ပေါ့",အန်းနင် ဖြေပေးလိုက်သည်။

တစ်စုံတစ်ယောက်ရဲ့ Protectorဖြစ်နိုင်မယ့် ရက်လေးတစ်ရက် ဖြစ်လာနိုင်မယ်လို့ သူတွေးမိသည်။ ရှေ့လျှောက်မှာ သူတို့နှစ်ယောက် အတူထွက်ပြီး သူလဲ ချင်ဝေ့ဟော်ရဲ့ ပါတနာဖြစ်လာကာ သူ့ကို အထက်ကို လွှတ်လိုက်နိုင်တာမျိူးလဲ ဖြစ်လာနိုင်သည်လေ။ ဒါက သူ့အတွက် တောင်ထိပ်ဝရောက်သည်ထက်ပိုပြီး ဆန္ဒပြည့်တာမျိူးပင်။

ချင်ဝေ့ဟော်က ပြောသည်,"ဒီမှာ ငါတို့ နှစ်ယောက်ပဲရှိတယ်."

ဆိုလိုတာက,

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now