Chapter 《39》

1.7K 389 4
                                    


『Unicode』

ချင်ဝေ့ဟော်​၏ ဥပဒေသင်ရိုးရဲ့ နောက်ဆက်တွဲသင်ခန်းစာတွေနဲ့ ယှဉ်လျှင် အန်းနင်ရဲ့ ကျောက်တောင်တက်ရာတွင်တိုးတက်မှုမှာ ရုတ်ခြည်းဆိုသလို မြင့်တက်လာခဲ့သည်။ သူက Top Ropingကိုတောင် လေ့ကျင့်နေခဲ့ပြီဖြစ်သည်။ ထိုနံရံပေါ်ကို ပထမဆုံးတက်ဖို့လုပ်တုန်းက သူအရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ ချင်ဝေ့ဟော်က သူတို့ရဲ့ ဆက်သွယ်ထားတဲ့လုံခြုံရေးကြိုးတွေကိုယူပြီး သူ့သိုင်းကြိုးမှာ ကလစ်'ဆိုသေ အသံများပေါ်လာအောင်ထိ တပ်ပေးခဲ့သည်။

အန်းနင်က နက်ရှိုင်းစွာ စိတ်လှုပ်ရှားနေမိသောကြောင့်

"ဒါဆိုလဲ ငါ့ဘဝကို မင်းဆီမှာ ထားခဲ့ပြီနော် Protector!."

သူ့အဝတ်တွေကို အောက်ဆွဲချနေတဲ့ ချင်ဝေ့ဟော်က ခေါင်းမော့ကာ သူ့ကိုကြည့်လာခဲ့သည်။ ထို့နောက် ခေါင်းပြန်ငုံ့သွားပြီး အေးဆေးစွာပြုံးလာခဲ့​၏။

"အခုတော့ မင်း အများကြီးကို သိနေပြီပဲ"

အန်းနင်လဲ အမှတ်တမဲ့သူ့ကို ပြုံးပြလိုက်သည်,

"ဖြစ်ချင်တော့ ငါလဲ အိမ်စာတွေလုပ်ထားပြီးပြီလေ"

ချင်ဝေ့ဟော်က ခေါင်းငုံ့လျက် 'အင်း'ဟု အသံပြုသည်။

"မင်းက တကယ် ထိပ်ဆုံးကျောင်းသားပါပဲ."

သူက အန်းနင်ရဲ့ သိုင်းကြိုးက ကြိုးကို တစ်ချက်ကြည့်လိုက်သည်။

"မင်းက တစ်ခါတည်းနဲ့တောင်figure-eight knot ကို ရအောင်လုပ်နိုင်တယ်."

စင်စစ်တွင်တော့ အန်းနင် လွန်ခဲ့တဲနှစ်ရက်တုန်းက ပို့ချပေးတဲ့ ဗီဒီယိုတွေအများကြီး ရှာကြည့်ထားကြောင်း ချင်ဝေ့ဟော်ကို မပြောပြဖြစ်လိုက်ပေ၊ ဒါကြောင့် ချင်ဝေ့ဟော်က တစ်ခါသရုပ်ပေးလာသည်နှင့် သူ လုပ်နိုင်သွားခဲ့တာဖြစ်သည်။

မည်သို့ဆိုစေ ပထမဆုံးအကြိမ် နံရံကို တက်ခြင်းမှာတော့ ချောမွေ့မနေခဲ့​။ ဆယ်မိနစ်မှာပဲ သူ ၁၅ မီတာအောက်ရှိ ကျောက်သားနံရံ၏ သုံးပုံနှစ်ပုံ နီးပါးကို တက်ခဲ့သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now