Chapter 《30》

2.2K 487 4
                                    


『Unicode』




လျန်ရှန်းဟန်နဲ့ ရှောင်ပေါင်တို့သည် ဂိမ်းကစားဖို့ ထွက်လာခဲ့ကြသည်။ သူတို့ တံခါးဖွင့်လိုက်သည်နှင့် အိတ်လုံးရှည်နဲ့လမ်းလျှောက်လာခဲ့တဲ့ ခပ်ချောချောပုံရိပ်တစ်ခုကို ကော်ရစ်တာမှာမြင်လိုက်ရလေသည်။ နောက်မီးရောင်ကြောင့် ဘယ်သူလဲဆိုတာ သူတို့မပြောနိုင်ခဲ့။ ထိုလူက ဒီဧရိယာအတွင်းမှာရပ်လိုက်တာကြောင့် သူတို့နှစ်ယောက်ရဲ့မျက်လုံးများမှာချက်ချင်း ပြူးကျယ်လာသည်။ရှောင်ပေါင်က အော်လိုက်​၏

"ချင်ဝေ့ဟော်?!"

လျန်ရှန်းဟန်ကလဲ ချင်ဝေ့ဟော်ကို စုံချည်ဆန်ချည်ကြည့်လို့လာသည်,"မင်းက..."

ချင်ဝေ့ဟော်က သူ့လက်ထဲရှိ သော့ကိုယမ်းလိုက်ပြီးပြောလာသည်။

"ငါဒီမှာပြန် နေတော့မလို့."

ရှောင်ပေါင်​၏ မျက်လုံးထဲတွင် အံ့ဩသွားသည့်အရိပ်အယောင်များ ရုတ်ခြည်းဖြတ်ပြေးသွားသည်။အဆုံးမှာတော့ သူကချင်ဝေ့ဟော်ကို နောင်တများဖြင့် တမင်တကာကြည့်လာပြီးပြောသည်။

"လခွမ်း, အကြံပေးက အတော်လေးစိတ်ရှုပ်ဖို့ကောင်းတာပဲ..."

ချင်ဝေ့ဟော်က "အင်း"ဟူသော အသံပြုလိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။

လျန်ရှန်းဟန်က ပြောသည်,"ဟေး, ငါတို့ Internet café.ကိုသွားမလို့ မင်းရော သွားချင်လား?"

ချင်ဝေ့ဟော်က ညဘက်ခြေဖျားနဲ့ တံခါးကို ကန်ထားပြီး သော့ကို ဆွဲထုတ်သည်။

"တော်ပြီ ငါခဏလောက် နားဦးမယ် "

သူက တံခါးပိတ်လိုက်သော်လည်း ကော်ရစ်တာမှအသံကတော့ ရှင်းလင်းစွာကြားနေရဆဲပင်။ အိပ်ဆောင်တွေမှာအသံလုံတာကို ထည့်မတွက်တာ သူ သိပါသည်။

သူ့ရှေ့ကအခန်းမှာ သူတွေးထားသလိုပင် သန့်ရှင်းနေခဲသည်။ သူ သူ့အိပ်ရာဆီကို လျှောက်သွားလိုက်ပြီး အိတ်လုံးရှည်ကိုချလိုက်ကာ သူ့ကျောပိုးအိတ်ကိုလဲ ချွတ်လိုက်သည်။ ကျောပိုးအိတ်ကတော့ ပြဿနာမရှိပါဘဲ စားပွဲပေါ်မှာ ထားလို့ရသေးသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now