Chapter 《21》

2K 484 4
                                    


『Unicode』



ဗုဒ္ဓဟူးနေ့တွင် ချင်ဝေ့ဟော်က ဖွဲ့စည်းပုံအခြေခံအတန်းကို မပျက်ကွက်တော့ပေ။ သူ စာသင်ခန်းထဲ ဝင်လာတာ အန်းနင်တွေ့လိုက်သည်နှင့်တပြိုင်နက် သူက ခါးဖြောင့်လိုက်ပြီး လက်ယမ်းကာ နှုတ်ဆက်ပြမိသည်။ ချင်ဝေ့ဟော်က သူ့ကို မြင်သောအခါ စင်မြင့်ဘေးမှလျှောက်လာခဲ့ပြီး သူ့ထိုင်ခုံတွင်ရပ်လိုက်လေသည်။

ချင်ဝေ့ဟော် ရပ်လိုက်မိသောအခါ သူ အနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရသည်။ အန်းနင်က သူ့ကို မခေါ်လိုက်သော်လည်း လက်ယမ်းပြသည်။ ဒါက အန်းနင်က ရက်အနည်းငယ်အကြာ သူ့ကို မမြင်ရတာမို့ ဒီတိုင်း သူ့အခန်းဖော်ကိုနွေးနွေးထွေးထွေးနှုတ်ဆက်လိုက်တာဖြစ်ပေမည်။

ဒါပေမယ့်လဲ သူဘာလို့ ရပ်မိသွားတာလဲ?

ကံကောင်းစွာနဲ့ အန်းနင်က ချက်ချင်း ခေါင်းငုံ့လိုက်ရင်း သူ့ကို ပြောလာသည်,"ခဏစောင့်!"

သူမှာ တကယ် တစ်စုံတစ်ခုရှိသလို ဖြစ်သွားရသည်။ ချင်ဝေ့ဟော်က သူ့ပုခုံးကို အနည်းငယ် လျှော့လိုက်ပြီး ကံကောင်းထောက်မစွာတွေးနေမိသည်, သူဘာလို့စောင့်လိုက်မိမှန်း ရှင်းပြစရာမလိုတော့ဘူးလေ!

အန်းနင်က ခေါင်းငုံ့လိုက်ပြီး သူ့ရဲ့ ကျောပိုးအိတ်ဇစ်ကို ဖွင့်လိုက်သည်။ ချင်ဝေ့ဟော်က သူ့ထိုင်ခုံဘေးတွင်ရပ်ပြီး ခဏစောင့်ပေးသည်​။ သူက တစ်ဖက်လူရဲ့လွန်ကဲစွာဖွေးစွတ်နေတဲ့ လည်တိုင်လေးကို အမှုမဲ့အမှတ်မဲ့ဖြင့် ကြည့်လိုက်မိပြီးမှအကြည့်လွှဲလိုက်သည်​။ တစ်ဖက်လူက ဘတ်စဘတ်ဘောကစားဖို့ဆိုတဲ့ သူ့အကြံကို မလိုက်နာသည်မှာ ထင်ရှားလှသည်။လူတစ်ကိုယ်လုံး ဖြူစွတ်နေတာ စာအုပ်က စာမျက်နှာတွေလိုပဲ။

သူက အန်းနင်ရဲ့ textbookရှိနေတဲ့ စားပွဲစွန်းကို လက်ချောင်းများနဲ့ ဖိထားမိသည်။ အန်းနင် သူ့ဘက်ကို ပြန်လှည့်လာသောအချိန်တွင် ချင်ဝေ့ဟော်က စာအုပ်အဖုံးကို လှန်လိုက်သည်။တိုက်ဆိုင်စွာပင် သူ ထိပ်ဆုံးကျောင်းသားလေးရဲ့ မူလတန်းစတိုင်လက်ရေးများကို မြင်လိုက်ရသောအခါ ရယ်လိုက်မိလုနီးပါးဖြစ်သွားရသည်။ ကံကောင်းစွာနဲ့ သူ ထိန်းနိုင်လိုက်ပြီးအပြုံးတပွင့်နဲ့ အနှောင့်အယှက်ကင်းတဲ့ နှာသံတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now