Chapter 《6》

2.9K 605 8
                                    

『Unicode』


ဘူတာသို့ရောက်သောအခါ ဆင်းချင်ကြသည့်လူတွေ များလွန်းလှသည်။အားလုံးက တံခါးရှေ့ကို ရောက်လာကြပြီး အန်းနင်မှာလည်း လူလှိုင်းကြီးထဲတွင် အကျပ်ရိုက်နေစေခဲ့သည်။ ချင်ဝေ့ဟော်က သူ့နောက်တွင်ရှိနေ​၏။

လူတွေအများကြီးရှိနေ၍ သူသိဖို့ရန် လှည့်ကြည့်စရာမလိုပါချေ။ အရပ်ရှည်တဲ့တစ်စုံတစ်ယောက်က မင်းနောက်မှာရှိနေတဲ့ ခံစားချက်ကအတော်လေး ကွဲပြား​၏။

ရထား အရှိန်လျော့သွားချိန်တွင် သူရှေ့ကို ယိုင်သွားရကာ ချင်ဝေ့ဟော်​​၏ လက်က သူ့ညာဘက်ပုခုံးကို ဖိလာပြီး တည်ငြိမ်သွားအောင်ကူညီပေးလာသည်။ သူ တံခါးမှထွက်ချိန်မှာလဲ ချင်ဝေ့ဟော်က သူ့ပုခုံးပေါ်လက်တင်ထားပြီး လူအုပ်ထဲမှထွက်ဖို့ လမ်းပြပေးသည်။ အန်းနင် အနည်းငယ်တော့ မနာလိုဖြစ်မိသည်။ လုပ်လေ့လုပ်ထအတိုင်း လူတွေကို ကာကွယ်ပေးရလို့ အရပ်ရှည်ရတာ အရမ်းကို ကောင်းသည်။

ဘူတာမှ ထွက်လာကြသောအခါတွင်လဲ အန်းနင် လူအုပ်ကြီးနဲ့လိုက်ပါလာပြီး စက်လှေကားပေါ်တတ်လိုက်သည်။ သူ ဒီဘူတာကို တစ်ခါမှမရောက်ဖူးပေ။ သူတက်လာသောအခါ ဆယ်ပေါက်ထက်မနည်းသော ထွက်ပေါက်တွေကို တွေ့ရလိုက်ရ​၏။ချင်ဝေ့ဟော်က အရှေ့လျှောက်သွားပြီး သူ့ပုခုံးကို ပုတ်ကာ ပြောလာသည်။

"ဒီဘက်!"

သူတို့ ဘယ်သွားနေလဲလို့ သူမမေးလိုက်ပါဘဲ ချင်ဝေ့ဟော်နောက်ကို ဟိုကြည့်ဒီကြည့်နဲ့လိုက်သွားပြီး ထွက်ပေါက်၃သို့ လျှောက်သွားလိုက်သည်။ မြေအောက်ရထားဘူတာက ပိတ်ရက်တွေမှာ ရှုပ်ရှုက်ခတ်နေခဲ့ပြီး တစ်ယောက်တည်းဖြစ်နေသောလူများမှာ အနည်းငယ်မျှသာရှိသည်။ လူတွေက နှစ်ယောက် သို့မဟုတ် သုံးယောက်ဖြင့်သာ စကားပြောနေကြ​၏။ ချင်ဝေ့ဟော်ကတော့ သူနဲ့စကားပြောလာမဲ့ပုံစံမရှိပါချေ။ အန်းနင်လဲ ထိုသို့တွေးပြီးသားဖြစ်သည်။ ချင်ဝေ့ဟော်ကသာ ရပ်ပြီး သူ့ကို "ဒီမှာလူတွေတော်တော်များတယ်နော်"လို့ပြောပြိး "မင်းရော ဒီကိုရောက်ဖူးလား?"လို့သာ မေးလာပါလျှင် အဲ့ဒါက ချင်ဝေ့ဟော် အစစ်မှ ဟုတ်ရဲ့လား ဆိုပြီး စူးစမ်းနေလိမ့်မည်ဖြစ်သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now