Chapter《26》

2K 458 8
                                    


『Unicode』


အတန်းနားချိန်တွင် အတန်းကထွက်ပြီး လမ်းလျှောက်ပြီးမှ ပြန်လာသင့်လား အန်းနင်မသေချာတော့ပါချေ။ ချင်ဝေ့ဟော်ရဲ့ နောက်မှာ ထိုင်ရတာ အမှန်တကယ်ပင် ခွတီးခွကျနိုင်လှသည်။ သို့သော်လည်း သူ ထွက်လိုက်မိလျှင် အပြန်လမ်းတွင်သူဖြတ်သွားတဲ့အခါ ချင်ဝေ့ဟော်နဲ့ ထိပ်တိုက်ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ အခုအချိန်မှာတော့ သူ ချင်ဝေ့ဟော်ရဲ့အမူအရာကို မကြည့်ရဲပါချေ။ သို့တိုင် ဒီအခိုက်အတန့်တွင် သူ့မျက်လုံးများက ရှုပ်ထွေးနေပြီး ချင်ဝေ့ဟော်ခေါင်းနောက်ကနေ မခွာနိုင်သေးပေ။ သူ့ကိုယ်သူ အားတင်းကာ ခေါင်းငုံ့လျက် Noteရေးနေသည့်တိုင် သူ့မျက်လုံးများကတော့ အရှေ့ကိုလွှင့်,လွှင့်သွားသည်။ ချင်ဝေ့ဟော် နည်းနည်းလောက် လှုပ်သွားလျှင် သူ့ရင်ထဲကနေ ရူးမိုက်စွာ ဆုတောင်းနေမိသည်။

ထလေ! လမ်းထလျှောက်လိုက်! မင်းဘယ်လိုတောင် အကြာကြီး ထိုင်နိုင်နေတာလဲ?!

သို့သည့်တိုင် ကျောင်းမြက်လေးချင်,ကတော့ သူ့ဆုတောင်းအတိုင်း လိုက်မလာခဲ့ပေ။ Noteမှတ်နေသည်မှာ တတိယအကြောင်းရောက်သည်အထိ အထစ်ထစ်အငေါ့ငေါ့ဖြင့် ရေးနေရသည်။ ထို အခိုက်တွင် ချင်ဝေ့ဟော်က သူ့ညာလက်နားကို earphoneကောက်တပ်လိုက်​၏။ အန်းနင်လဲ လက်ထဲတွင်ဘောပင်လေးကိုင်ထားရင်း ချင်ဝေ့ဟော်ရဲ့ ပုခုံးပေါ်တွင် ချိတ်နေသည့် အဖြူရောင်နားကြပ်ကြိုးလေးကို တည့်တည့်ကြီးပင် စိုက်ကြည့်နေမိသည်။ ထို့နောက် သူ့ရင်ထဲကနေ ရေရွတ်လိုက်မိသည်။

ဘယ်ဘက်တစ်ဖက်ရောတပ်လေ! ဘယ်ဘက်တစ်ဖက်ကိုပါ မြန်မြန် တပ်လိုက်စမ်းပါ!

ချင်ဝေ့ဟော် ဘယ်ဘက်လ earphone တပ်တာ မမြင်လိုက်ရခင်မှာပင် သူ့ပုခုံးကို လာပုတ်ခံလိုက်ရသည်။ အန်းနင် ခေါင်းကိုလှည့်ပြီး စူးစူးဝါးဝါးကြည့်မိရာ အနောက်တန်းကနေ လွယ်အိတ်တွေနဲ့ ရောက်လာကြတဲ့ လျန်ရှန်းဟန်နဲ့ ရှောင်ပေါင်ကိုတွေ့လိုက်ရသည်။

မူလက သူတို့နှစ်ယောက်သည် အနောက်ဘက် ငါးတန်းမြောက်တွင် ထိုင်နေကြတာဖြစ်သည်။ သူတ်ို့က ချင်ဝေ့ဟော်လာတာကို မြင်သောကြောင့်ဖြစ်ပေမည်၊ဒါကြောင့် နှစ်ယောက်လုံး လာထိုင်ပြီး ပျော်ပျော်ကြီး ဝင်Joinကြတာဖြစ်နိုင်သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now