Chapter《35》

2.1K 430 2
                                    


『Unicode』

အန်းနင်က Marxism အတန်းကိုသူ့ဘာသာသွားခဲ့သည်။ ချင်ဝေ့ဟော် တင်မကပါဘဲ လျန်ရှန်းဟန်နဲ့ ရှောင်ပေါင်တို့ကလဲMarxism တန်းကို လစ်ကြသည်။ အတန်းပြီးတဲ့နောက်မှာ သူ ညစာစားဖို့ ကန်တင်းကို သွားခဲ့ပြီး အိပ်ဆောင်ကို ရေဖြည့်ဖို့အတွက် ပြန်လာခဲ့ည်။ သူက စာအုပ်တွေကို ဆွဲယူလိုက်ပြီး Self-Studyစာသင်ခန်းအနီးတစ်ဝိုက်ကို သွားဖို့ပြင်ဆင်လိုက်​၏။ သူ့ကျောပိုးအိတ်ထဲကို စာအုပ်တွေထည့်ပြီးပြီးချင်းပင် တံခါးက ပွင့်လို့လာသည်။

ချင်ဝေ့ဟော်က ညာဘက်ပုခုံးတွင် တောင်တက်ခရီးဆောင် ကျောပိုးအိတ်ကိုသယ်ထားပြိး ဘယ်ဘက်လက်မောင်းထဲမှာတော့ တစ်မီတာရှည်လျားတဲ့ သတ္တုထောင့်ကွင်းတွေရိုက်ထားတဲ့ သစ်သားပျဉ်ပြားတစ်ခုရှိနေသည်။

အထဲကိုလျှောက်လာပြီးမှ တံခါးကို ပြန်လှည့်၍ ဘန်းကနဲ့ပိတ်လိုက်လေသည်။ ထို့နောက် သူ့ညာဘက်ပုခုံးကိုလှန်လိုက်ရာပုခုံးပေါ်ရှိ ကျောပိုးအိတ်က လျှောကျသွားခဲ့သည်။ အန်းနင် အဲ့ဒီအိတ်ထဲမှာ ဘာတွေပါလဲဆိုတာ မသိသော်လည်း မနက်ခင်းက သူတို့တွေ Gymသွားတဲ့အခါကထက် ပိုလေးနေခဲ့သည်။ ပုခုံးကြိုးက ချင်ဝေ့ဟော်ရဲ့ လက်မောင်းပေါ်ကို ကျသွားတဲ့အချိန်မှာ သူက ပြန်ဆွဲတင်လိုက်​၏။

အန်းနင်က ချင်ဝေ့ဟော် စာရေးခုံဆီကို လျှောက်လာသည်ကို စိတ်ရှုပ်ထွေးစွာကြည့်နေခဲ့မိသည်။ ချင်ဝေ့ဟော်က သူ့ကျောပိုးအိတ်ကို ချလိုက်ပြီး ထောင့်ကွင်းတွေပါတဲ့ သစ်သားပြားကို စာရေးခုံပေါ်တင်လိုက်သည်။ ထို့နောက်သူက လှည့်ကြည့်လိုက်ကာ သူ့ကို မျက်ခုံးပင့်ပြ​၏, "မင်း ထွက်သွားတော့မလို့လား?"

အကြောင်းအရင်းတချို့ကြောင့် အန်းနင်မှာ စာအုပ်လေးတွေကို ပြန်ထိုးထည့်လိုက်ပြီး ပြောလိုက်သည်။"မဟုတ်ပါဘူး၊ငါခုမှ ပြန်လာတာ."

ချင်ဝေ့ဟော်က သူ့ ကျောပိုးအိတ်ကို ဖွင့်ရင်း ပြောလာသည်,"ငါမင်းအတွက် တစ်ခုခုယူလာသေးတယ်"

သူ့ရဲ့ တောင်တက်ကျောပိုးအိတ်ထဲမှ ထူးဆန်းပြီး သေးငယ်တဲ့မြောင်းတွေပါတဲ့ ဘုတ်တစ်ခုကို ထုတ်လိုက်သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now