Chapter《23》

2K 463 9
                                    

『Unicode 』



အန်းနင် အိပ်ဆောင်ပြန်ရောက်သည်နှင့်တပြိုင်နက် လျင်မြန်စွာ အဝတ်လဲလိုက်သည်။ နေ့ခင်းပိုင်းက သူ စာကြည့်တိုက်မှထွက်ခဲ့ပြီး လန်ထျန်းနိူင်ငံကိုသွားခဲ့​၏။ လမ်းတွင် ရုတ်တရက် မိုးသည်းထန်စွာရွာလာခဲ့သည်။ မြေအောက်ဘူတာမှာ လန်ထျန်းနိုင်ငံနှင့် အနည်းငယ်ကွာဝေးသည့်အပြင် အနီးအနားမှာ ထီးဆိုင်လဲ မရှိပါချေ။ သူ Villaသို့ရောက်သောအခါအကုန်လုံးစိုရွှဲကုန်၍ ချန်ဖေးကျဲက သန့်ရှင်းတဲ့ ရှပ်တစ်စုံ လဲဖို့ပေးလာခဲ့သည်။

အဝတ်အစားမှာ ယွမ်ရှောင်ယဲ့ရဲ့ သေဆုံးသွားတဲ့ အဖေ့ဟာတွေဖြစ်သည်​။ ယွမ်ရှောင်ယဲ့က ဘာမှမပြောသော်လည်းသူသေချာပေါက် စိတ်ထဲရှိနေမည်ဖြစ်သည်။ အဝတ်အစားရဲ့ ဈေးနှုန်းကလဲ သေချာပေါက်ကို ဈေးပေါမှာမဟုတ်ပေ။လျှော်ဖွတ်လိုက်၍ တွန့်ကြေသွားမည်ကိုပင် သူကြောက်မိသဖြင့် အဝတ်ပြန်လဲပြီး မပိတ်ခင်မှာ ၎င်းကို အခြောက်လျှော်ပို့ပေးလိုက်သည်။

သူပြန်လာချိန်တွင် လျန်ရှန်းဟန်နဲ့ရှောင်ပေါင်တို့ သူတို့အခန်းမှထွက်လာသည်ကို မြင်လိုက်ရ၍ အပြုံးလေးနဲ့ ဟယ်လို'ဟုနှုတ်ဆက်လိုက်သည်။လျန်ရှန်းဟန်နဲ့ရှောင်ပေါင်မှာ သူ့ကို မြင်လိုက်ရသည်နှင့်ဆတ်ခနဲ့ ခေါင်းများ မတ်သွားကြသည်။ သူတို့ကရပ်နေရင်း 'ဟေး'ဟု ပြန်ပြောလာကြသည်။ သူတို့ရဲ့ တူညီနေတဲ့ လှုပ်ရှားမှုက အန်းနင်ကို ထူးထူးခြားခြားပင် ပြုံးမိသွားစေသည်။သူက မျက်မှန်ပင့်လိုက်ရင်း အပြုံးလေးနဲ့မေးလိုက်သည်။

"ဘာဖြစ်လို့လဲ? မင်းတို့ Internet café,သွားကြမလို့ မလား?"

နှစ်ယောက်လုံး သူ့ကို ခေါင်းညိတ်ပြနေဆဲပင်။ သူတို့နှစ်ယောက်ဘာတွေလုပ်နေသလဲဆိုတာကိုတော့ အန်းနင် သဘောမပေါက်ပါချေ။ အကြာကြီး အတူနေမိသွားကြတဲ့ အခန်းဖော်တွေက တစ်ယောက်နဲ့တစ်ယောက် ဆင်လာကြတယ်ဆိုတာအမှန်ပင် ဖြစ်ပုံရသည်။

အန်းနင် အခန်းကို ပြန်သွားပြီးနောက် လျန်ရှန်းဟန်နဲ့ ရှောင်ပေါင်တို့မှာ ဘာစကားမှမပြောပါဘဲ အောက်ထပ်သို့တိတ်ဆိတ်စွာလျှောက်သွားကြ​၏။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now