Chapter《9》

2.5K 564 7
                                    

『Unicode』



နောက်တစ်နေ့တွင် ချင်ဝေ့ဟော်က ဥပဒေသိပ္ပံတန်းကို ရောက်လာခဲ့သည်။ Hot Searchကြောင့် သူကျောင်းကို ရောက်လာတဲ့အခါ လူအုပ်ကြီးထဲမှ လူများက စကားပြောလာကြသည်။ သူ စာသင်ခန်းထဲဝင်လာသောအခါ အားလုံးရဲ့ အာရုံက သူ့ထံကျရောက်နေခဲ့​၏။ ချင်ဝေ့ဟော်က ဒီ့အတွက် ကျင့်သားရနေသလိုပင် ဖြစ်နေတာကို အန်းနင်တွေ့လိုက်ရသည်။ အကြည့်တွေကိုလျစ်လျူရှုလျက် ကျောပိုးအိတ်ကို လွယ်ရင်း စင်မြင့်နားမှ လျှောက်လာခဲ့သည်။

အန်းနင်က သူ့ကို ပြုံးပြပြီး နှုတ်ဆက်လိုက်ရာ ချင်ဝေ့ဟော်ကလဲ ခေါင်းညိတ်ပြလာခဲသည်။ ဒီတစ်ကြိမ်တွင်တော့ ရှေ့တန်းမှ လျန်ရှန်းဟန်ပင် အံ့ဩသွားရလေသည်။ သူက နောက်လှည့်လာပြီး ပြောလာ​၏။"သူ မင်းကို ခေါင်းညိတ်ပြတယ်!"

အန်းနင်မှာ သူ့ကို ဘယ်လိုရှင်းပြရမလဲ မသိပေ။ ကျန်တဲ့တစ်ခန်းလုံးကလဲ သိကြပုံမပေါ်ချေ။

သူနဲ့ ချင်ဝေ့ဟော်က ....ဘယ်လိုပြောပြရပါလိမ့်? တစ်ယောက်ကို တစ်ယောက် အသိအမှတ်ပြုထားတဲ့ အခန်းဖော်တွေ? ဒီနောက်ကွယ်က အချက်အလက်များကတော့ အလွန်ပင်ရှည်လှတဲ့ ဇာတ်လမ်းပင်။ ထိုကြောင့် သူရယ်မောလိုက်မိ​၏။

"ငါတို့က အခန်းဖော်တွေ ဖြစ်ကြရုံတင်ပါ, တကယ်တော့"

"ဘာကို အခန်းဖော်တွေလဲ?" လျန်ရှန်းဟန်ကဆိုလာသည်, "သူက မင်းနဲ့တောင် မနေတာလေ!" ပြောနေရင်းပင် သူက နောက်တန်းကို လှည့်ကြည့်လိုက်သေး​၏။

အဖြူနဲ့ အနက်ပါ အကွက်တွေပါတဲ့ Oversize ရှပ်ကို ဝတ်ဆင်ထားသည့် ချင်ဝေ့ဟော်က နောက်ဆုံးတန်းထိလျှောက်သွားပြီး သူ့အိတ်ကို စားပွဲခုံပေါ် ချလိုက်သည်။ အရပ် ၁.၈၆မီတာဖြင့် သူက အဲ့ဒီမှာရပ်နေခဲ့ပြီး မျက်ခွံတွေကို တစ်ချက်မျှပင့်လာခဲ့သည်။ သူ့မျက်လုံးမှာ အမှတ်တမဲ့ဖြင့် အရှေ့တန်းသို့ပင် ဝေ့ဝိုက်လာခဲ့သည်။ လျန်ရှန်းဟန်က မီးမောင်းတစ်ခုကဲ့သို့ပင်၊ သူ့မျက်လုံးများကချင်ဝေ့ဟော်ကို အကဲဖြတ်လိုက်ပြီးမှ စကားတစ်ကြောင်း ချန်ထားခဲ့သေး​၏ ;

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now