Chapter《63》

1.8K 374 19
                                    


『Unicode』

အန်းနင်က ချင်ဝေ့ဟော်က တစ်နာရီကျော်ကြာ ဆက်လက်ကျွေးမွေးခဲ့သည်။ကြက်သားကြော်တုံးများ မှ ပဲနီပိုင်မုန့်အထိတိုင် သေးငယ်ပြီး အလွန်အိတ်ကပ်အရွယ်အစားရှိသော အစားအစာများသာဖြစ်လေသည်။

စားသောက်ဆိုင်တစ်ခုလုံးက ချင်ဝေ့ဟော် ကောင်တာနဲ့ သူ့ထိုင်ခုံအတွင်း သွားလိုက်ပြန်လိုက်လုပ်နေတာကိုကြည့်နေခဲဲ့ကြသည်။ ဆိုင်ကယ် Helmetအနက်ရောင်နဲ့ စားပွဲက သူ့အတွက် အထူးသီးသန့်ဖြစ်နေသလိုပင်။

ရှောင်ကျောင်းက အန်းနင်အနီးကို တိုးဝှေ့လာပြီး ကျီိစယ်သလိုနဲ့ပြောလာခဲ့​၏။

"သူ ဒီမှာရှိတုန်း ငါတို့ကို စီးပွားရေးလှည့်ကွက်အ အကူအညီတောင်းရအောင် ပြတင်းပေါက်မှာ ထိုင်ခိုင်းလိုက်ပါလား!"

အန်းနင် အသံကျယ်ကျယ်နဲ့အော်ရယ်မိသွားပြီး ချင်ဝေ့ဟော်ရှိရာဘက်ကို ကြည့်လိုက်ရာ ချင်ဝေ့ဟော်ကလဲ သူ့ကို ကြည့်နေတာကို မြင်လိုက်ရလေသည်။ သူက ထပြီးတောင် လျှောက်လာခဲ့​၏။ ရှောင်ကျောင်းကတော့ အလုပ်များများနဲ့ပဲတခြား စားသုံးသူတွေကို ကြိုဆိုရန် သွားပြီဖြစ်သည်။

အန်းနင်က ချင်ဝေ့ဟော် ပဲနီပိုင်မုန်ကို မကြိုက်လို့ဟု ထင်လိုက်မိပေမယ့် မမျှော်လင့်ပါဘဲ ချင်ဝေ့ဟော်က သူ့ဘေးကရှောင်ကျောင်းကို ကြည့်ရင်း မေးလာခဲ့သည်။

"မင်းတို့တွေ ငါ့အကြောင်းပြောနေကြတာမလား?"

အန်းနင် နည်းနည်းရှက်သွားရပြီးနောက် ပြောလိုက်သည်။

"မဟုတ်ပါဘူး ငါတို့က ဒီတိုင်းပြောနေတာ....."

"ဘာပြောတာလဲ?"

"... ပြောနေတာက မင်းသာ ပြတင်းပေါက်ခုံမှာထိုင်နေရင် စားသုံးသူတွေကို ဆွဲဆောင်ဖို့ ကူညီနိုင်တယ်လို့"

ချင်ဝေ့ဟော်က သူစကားဆုံးသည်နှင့် ပြုံးသွားကာ သူ့အမူအရာမှာလဲ ပိုကောင်းသွားခဲ့​၏။

"ဒါဆိုလဲ ငါသွားထိုင်လိုက်မယ်လေ"

အန်းနင် မျက်တောင်ခတ်လိုက်မိသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now