Chapter 《24》

1.9K 466 10
                                    


『Unicode』



နောက်တစ်နေ့တွင် ချင်ဝေ့ဟော်က ဥပဒေသိပ္ပံတန်းကို ထပ်မံ ပျက်ကွက်ခဲ့ပြန်သည်။ အန်းနင်လဲ အနည်းငယ်တော့စိတ်ပူမိသည်။ သူက ဆရာမ ဝမ်ချိူးလင်ရဲ့ အတန်းကို နှစ်ကြိမ်တောင် ပျက်ပြီးပြီ။ အရင်တစ်ကြိမ်တုန်းက ဆရာမက သတိမထားမိပေမယ့် ဒီတစ်ကြိမ်မှာတော့ အနည်းငယ် ပြောဖို့ ခက်နေပြီဖြစ်သည်။ သေချာပေါက်ပင် ဝမ်ချိူးလင်က အတန်းထဲတွင်မေးလာတော့သည်။

"ချင်ဝေ့ဟော်က ဘာဖြစ်လို့လဲ?"

အတန်းမှာ တိတ်ဆိတ်သွားသည်။အန်းနင်မှာလဲ ရွေးချယ်စရာမရှိပါဘဲ ပြောလိုက်ရသည်, "အိုး သူ ဖျားနေလို့ပါ."

သူ ကျည်ဆန်ကို ကိုက်လိုက်ပြီး အနည်းငယ်သော ယုံကြည်မှုလေးနဲ့ ပြောလိုက်သည်။ကံကောင်းစွာပင် ဆရာမ ဝမ်ချိုးလင်က ခေါင်းညိတ်ပြီး ထပ်မမေးတော့။

အန်းနင် ခေါင်းငုံ့လိုက်ပြီး ချင်ဝေ့ဟော်ကို တိတ်တဆိတ် WeChat Messageပို့လိုက်သည်။

≪မင်း ဘာလို့မလာတာလဲ?≫

ချင်ဝေ့ဟော်က သူ့ကို replyမပြန်ခဲ့။

အန်းနင်က ထိုအတန်းရှိ Noteတွေကို သေချာမှတ်လိုက်ပြီး အချက်အလက်တို့ရဲ့ key pointလေးတွေကိုပင် မျဉ်းသားပေးလိုက်သည်။ သူက Noteကို မြန်မြန်မှတ်နိုင်သော်လည်း စကားလုံးများကမူ သနားစရာကောင်းစွာ ရေးချခံနေရသည်။မြန်မြန်ရေးမိလျှင် စာလုံးတွေကကြောင်ခြစ်သလို ဖြစ်သွားတတ်သည့်အပြင် သူပြန်လာပါက ထပ် ကော်ပီပေးဖို့လိုသေးသည်လေ။ မဟုတ်ရင် ဘယ်သူမှ နားလည်မှာမဟုတ်ဘူး။

နေ့လည်တွင် လျန်ရှန်းဟန်နဲ့ နေ့လည်စာစားပြီးနောက် အန်းနင်က မနေ့ကပင်မင်းဆိုင်ကိုပို့ထားတဲ့ အခြောက်လျှော်တွေကိုယူဖို့သွားခဲ့သည်။ မနေ့က မိုးသည်းသည်းက ရာသီဥတုကို အတော်လေးကို လတ်ဆတ်သွားစေသည်။ သူ အဝတ်တွေသယ်ရင်း ကျောင်းကို ခပ်ဖြည်းဖြည်းနဲ့ ပြန်လာခဲ့သည်။ ကျောင်းလမ်းကို ဖြတ်လာရာတွင် နှစ်ဖက်လုံး၌ ကလပ်များအတွက် သီးသန့် ရုံငယ်အသစ်များ အများအပြား စိုက်ထူထားသည်ကို မြင်လိုက်ရ​၏။ ဒီနေ့နဲ့ မနက်ဖြန်ဟာ အေတက္ကသိုလ်ရဲ့Club Dayလို့ သူကြားမိသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now