Chapter 《31》

2.1K 482 11
                                    


『Unicode』



နောက်တစ်နေ့တွင် ချင်ဝေ့ဟော်က ဆယ်နာရီမခွဲခင်အထိ အိပ်ရာမှမထခဲ့ပေ။ သူ ထထိုင်လိုက်ချိန်တွင် မျက်နှာချင်းဆိုင်အိပ်ရာမှာ လူမရှိတော့ပါဘဲ စောင်ကိုလဲ သေသပ်စွာခေါက်ထားသည်ကို တွေ့လိုက်ရသည်။ သူအပေါ်စင်ရှိ အိပ်ရာထဲမှ တဲ့ပင် ခုန်ထွက်လိုက်သောအခါ မှတ်စုစာရွက်လေးနဲ့ သူ့စားပွဲပေါ်က မနက်စာကို မြင်လိုက်ရလေသည်။

[ ချင်ဝေ့ဟော်, ငါ စာကြည့်တိုက်ကိုသွားပြီ! နေ့လည်ခင်းမှာလဲ စာသင်ပေးရတဲ့အလုပ်ဆီ သွားရလိမ့်မယ်။ ဒါက မင်းအတွက် အိပ်ဆောင်မှာပထမဆုံးနေတဲ့နေ့ဆိုတော့ မင်းအအိပ်လွန်ပြီး ကန်တင်းက မနက်စာလွတ်သွားမှာ ကြောက်လို့ ငါမင်းအတွက် တစ်ထုပ်ဝယ်ပေးထားတယ်။ အိပ်ဆောင်မန်နေဂျာမှာ မိုက်ခရိုဝေ့ဗ်ရှိတော့ မင်းသွားနွေးနိုင်တယ်။ မင်းမှာမေးစရာရှိသေရင် ငါ့ကိုWeChatကနေ မေးလိုက်နော်!

—အန်းနင် ]

သူ ရေးထားတဲ့ မှတ်စုလေးကို ဆွဲယူလိုက်ပြီး လက်ထဲထည့်၍ ကြည့်လိုက်သည်။

"လက်ရေးကတော့ မလှဘူးပဲနော် ထိပ်ဆုံးကျောင်းသားလေး..."

ထို့နောက် သူခေါင်းငုံ့လိုက်ကာ လက်ချောင်းများကို အသုံးပြု၍ အိတ်ကိုဖွင့်လိုက်သည်။ အထဲတွင် လက်ဖက်ကြက်ဥ၊ရှောင်လုံပေါင်*နဲ့ နို့တစ်ခွက်ကိုတွေ့လိုက်ရသည်။

တစ်မနက်လုံး အန်းနင် စာကြည့်တိုက်မှာစာကြည့်နေခဲ့ပေမယ့် ခရီးပေါက်မှုကတော့ အတော်လေး နည်းပေသည်။ သူကWeChatကိုသာ စဉ်းစားနေခဲ့ပေမယ့် ဖုန်းကို ထုတ်၍ စစ်ဆေးလိုက်တိုင်း ချင်ဝေ့ဟော် သူ့ကို ပို့ထားတဲ့ messageကို မတွေ့ရပေ။ နေ့လည်စာစားပြီးနောက်တွင် သူက ရထားနဲ့ လန်ထျန်းနိုင်ငံကို သွားခဲ့သည်။

ရထားပေါ်တက်ပြီးနောက်တွင် ဒီနေ့က တနင်္ဂနွေနေ့မှန်းသဘောပေါက်လိုက်သည်။

မနေ့က ချင်ဝေ့ဟော် ဘာကြောင့်ပြောင်းလာခဲ့တာလဲ?ဒီနေ့မှ ပြန်လာတာကမှ ပိုသင့်လျော်တာမဟုတ်ဘူးလား။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now