Chapter《54》

1.6K 367 15
                                    

『Unicode』


အန်းနင် နိူးလာတဲ့အခါ ဧည့်ခန်းမီးက ပိတ်ထား​၏။ ခပ်ထူထူ သားမွေးစောင်ကြီး လွှမ်းခြုံထားခံရပြီး ဆိုဖာပေါ်မှာ လှဲနေခဲ့သည်။ သူ့ မျက်လုံးဖွင်လိုက်တဲ့အခါ သူ့ခေါင်းမှတစ်ပါး လည်ပင်းထိတောင် စောင်ထဲမြှုပ်နေခဲ့သည်။ ကြမ်းပြင် အပူပေးစက်က ဖွင့်ထားဆဲ ဖြစ်၍ အိပ်ပျော်နေစဉ်မှာ ချွေးထွက်လာခဲ့ပြီး အပူကြောင့်ပဲ နိုးလာခဲ့တာဖြစ်သည်။

ချင်ဝေ့ဟော်က ဒီမှာရှိမနေ။ ချင်ဝေ့ဟော် ဧည့်သည်ခန်းကို အိပ်ရန် သွားပြီလို့ သူ တွေးလိုက်မိသည်။ သူ စောင်ခွာလိုက်ပြီးထထိုင်ကာ အလင်းရောင်လာနေတဲ့ လှေကားကို သွားကြည့်လိုက်​၏။ ချင်ဝေ့ဟော်က လှေကားထစ်ပေါ်မှာ တစ်ယောက်ထဲထိုင်နေခဲ့ပြီး သားမွေးဂျာကင်ရဲ့ခေါင်းစွပ်ကို ဆွဲချကာ သူ့ခေါင်းကို ဖုံးထားခဲ့သည်။

လှေကားက အလင်းရောင်မှာ လရောင်အလင်းနဲ့ သိပ်မကွာလှ။ အန်းနင်က ချင်ဝေ့ဟော်ရဲ့ နောက်တစ်စက္ကန့်မှာပဲ သစ်နက်ကြီးအဖြစ်သို့ ပြန်ပြောင်းသွားသယောင် သွယ်လျပြီး ကျယ်ပြန့်လှသော ကျောပြင်ကို ကြည့်ရှုနေခဲ့ရာ လရောင်အောက်မှာ နှစ်လိုဖွယ်ကောင်းတဲ့ အားကစားခန္ဓာကိုယ်က ဆန့်နေခဲ့သည်။

သူ ကော်ဖီစားပွဲပေါ်က ဖုန်းကို ယူလိုက်ပြီး စစ်ဆေးကြည့်ရာ မနက်၃:၀၀ရှိနေပြီဖြစ်သည်။ အန်းနင် ထရပ်လိုက်ကာ ထွက်သွားလိုက်သည်။ တံခါးပွင့်လာသည်နှင့် တပြိုင်နက် ချင်ဝေ့ဟော်က လှုပ်ရှားသံတွေကို ကြားသဖြင့် ခေါင်းလှည့်ကြည့်လာခဲ့​၏။

ချင်ဝေ့ဟော်ရဲ့ သားမွေးအင်္ကျီ ခေါင်းစွပ်မှာ တွဲကျနေပြီး ; ခေါင်းစွပ်အနားမှာ နွေးထွေးတဲ့ 'မင့်'သားမွေး အကွင်းလေးရှိနေရာ ပျော့ပျောင်းရှည်လျားကာ ကောင်းမွန်လှတဲ့ အမွှေးများသည် ညဘက်တွင် ယိမ်းနွဲ့နေခု့သည်။

အရိပ်တွေကြားမှာ ဖုံးကွယ်ထားတဲ့ ချင်ဝေ့ဟော်ရဲ့ အကြည့်တွေက Siberia မြေပြန့်လွင်ပြင်ကဲ့သို့ အေးစက်နေခဲ့ပေမယ့်ဝံပုလွေရိုင်းတစ်ကောင်လိုလဲ ကြည်လင်နေရာ ညှို့ဓာတ်ရှိလှသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now