Chapter 《33》

2.2K 445 8
                                    


『Unicode』


သူတို့ ကျောက်တောင်တက် Gymကို ရောက်သောအခါဘယ်သူမှ ရှိမနေပေ။ ပြီးလျှင် မြို့တော်ကလဲ ဝိုးတဝါးအပြာရောင်ဖြင့် ဖုံးလွှမ်းလို့လာခဲ့သည်။ ကျောက်တောင်တက် Gymရဲ့ တံခါးဟာ တင်းတင်းကျပ်ကျပ်ပိတ်လို့ထားသည်။ ချင်ဝေ့ဟော်က ရှေ့ကို ခြေလှမ်းကျဲကျဲလျှောက်သွားပြီး တံခါးကို သော့နဲ့ ဖွင့်လိုက်သည်။ Gymရဲ့ အဆောက်အဥိးနဲ့ယှဉ်လျှင် မှန်တံခါးမှာ အလွန် ကျစ်လစ်သပ်ရပ်လှသည်။

အန်းနင်က ချင်ဝေ့ဟော် မှန်တံခါးကို တွန်းဖွင့်ပြီး ခြေထောက်ဖြင့် နေရာယူထားကို မြင်လိုက်ရသည်။

သူက တံခါးမှာရပ်နေလျက် သူ့ဘက်ကို လှည့်လာသည်,"ဝင်ခဲ့လေ"

ဒါက လုံးဝကို ကျောက်တောင်တက်Gymဖြစ်ပြီး ချင်ဝေ့ဟော်ရဲ့ အိမ်မဟုတ်သည့်တိုင် ကြီးမားသည့် ကျောက်တောင်တက်Gymက ဒီခဏတာတွင် ဗလာကျင်းနေခဲ့သည်။ ချင်ဝေ့ဟော်က သူ့ကိုယ်ပိုင်နေရာကဲ့သို့ပင် တံခါးအဝမှာ မတ်တပ်ရပ်နေခဲ့ရာ အန်းနင်မှာ ဝင်ဖို့ဖတ်ခံရလောက်အောင်လုံလောက်သည်အထိ ကံကောင်းသွားခဲ့ပြီဖြစ်သည်။

အန်းနင် ဝင်လာခဲ့သောအခါ ချင်ဝေ့ဟော် သူတို့နှစ်ယောက်နောက်ရှိ တံခါးကို ပိတ်လိုက်သည်။ အန်းနင်လဲ လှည်ပြန်လှည့်ကာ တခြားမှန်တံခါးကို ပိတ်ရန်ကူညီလိုက်ပြီး နောက်ဆုံးမှာတော့ ကြီးမားတဲ့ ကျောက်တောင်တက်Gymကြီးကိုနောက်ပြန်လှည့်ကြည့်မိသည်။

သူတံခါးမှဝင်လိုက်သည်နှင့် တပြိုင်နက် ကျယ်ကျယ်ပြန့်ပြန့်ကို ဟင်းလင်းဖြစ်နေတဲ့ နေရာတစ်ခုဖြစ်သည်။ ကျောက်နံရံအတုများက အထပ် လေးထပ် သို့မဟုတ် ငါးထပ်အထိ မြင့်ကြ​၏။ သူ နံရံကြီးကို မော့ကြည့်လိုက်မိသည်။ ထိပ်ဆုံးပိုင်းတွေကို မြင်ရရန် သူ မျက်မှန်လေးပင် ပင့်လိုက်သော်လည်း ရှင်းရှင်းလင်းလင်းတော့ မမြင်ရပါချေ။ ဒါက ကျောက်တောင်တက်Gymကလဲ မှောင်နေဆဲ ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် အမှောင်ထုက ကျောက်နံရံတုရဲ့ ထိပ်ဖျားမှာချိတ်ဆွဲနေခဲ့သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now