Chapter 《48》

1.5K 411 20
                                    


『Unicode』


ချင်ဝေ့ဟော်က သူ့ဆီကို ဖြည်းဖြည်းချင်း လျှောက်လို့လာပြီး ဒီမနက် Gymသွားတုန်းကလိုမျိူး စစ်ပုံစံ camouflage ကျောပိုးအိတ်ကို သယ်ထားဆဲဖြစ်သည်။သူ(ချင်ဝေ့ဟော်)က ပါမောက္ခဝမ်ချိူးလင် roll callခေါ်ချိန် သူနဲ့ ပထမဆုံး တွေ့ခဲ့ရတဲ့ ချင်ဝေ့ဟော်နဲ့ သဏ္ဌာန်တူနေခဲ့သည်။ ဆောင်းလေအေးလိုပဲ ဂရုမစိုက်တတ်ကာ အေးအေးလူလူနဲ့ သူက ပြောလာခဲ့သည်။

"မင်းလိုချင်တဲ့ မွေးနေ့လက်ဆောင်မျိုးရှိလား?"

အန်းနင် မမေးပဲ မနေနိုင်တော့။

"... မင်း အဲ့ဒီမှာရပ်နေတာ ဘယ်လောက်ကြာပြီလဲ?"

"ငါ မင်း ဖုန်းချမှာစောင့်နေတာ။." ချင်ဝေ့ဟော်ပြောလိုက်သည်။

အန်းနင်မှာတော့ ရှက်ရွံမိတဲ့အရိပ်အယောင်တို့က ပြင်းပြင်းထန်ထန်ပင် ဖိနှိပ်လာခဲ့ပြီး မတွေးတတ်သလိုနဲ့ မေးလိုက်မိ​၏။

"ငါ့မွေးနေ့က ဘယ်ရက်လဲဆိုတာ ဘယ်လိုသိတာလဲ?"

ချင်ဝေ့ဟော်က ရယ်လာသည်။ ဒီရယ်မောခြင်းက အလွန်ကို ရှုပ်ထွေးစရာကောင်းတဲ့အသံဖြစ်နေပြီး ဝမ်းသာခြင်းနဲ့သိမ်မွေ့ခြင်းကြားထဲမှ အသက်ဝင်နေခဲ့သည်။

"ဘာလို့လဲ? မင်းရဲ့မွေးနေ့ လျှို့ဝှက်ချက်ဖြစ်နေတဲ့ အခြေအနေမျိုးမို့လား? ပထမဆုံး အတန်းဖွဲ့စည်းရေးတုန်းက သူတို့တွေငါတို့ကို အီးမေးလ် ရေးချခိုင်းခဲ့တယ်မလား?"

"မင်းရဲ့ အီးမေးလ်မှာ အတွဲလေးလိုက်ပါနေတဲ့ နံပါတ်တွေက မင်းမွေးနေ့ပဲမလား?"

ဒါက အန်းနင်ကို ဉာဏ်မမှီသလို ခံစားရစေသည်။

"အဲ့ဒီတုန်းက မင်း ငါ့ကို မသိသေးဘူးလေ."

"ငါတကယ် မင်းကို မသိခဲ့သေးပါဘူး။ ဒါပေမယ့် မင်းရဲ့ လက်ရေးက.....အရမ်း ထူးခြားနေတော့ ငါ့အတွက် အတွင်းကျတဲ့ ထင်မြင်ချက်တစ်ခု ချန်ထားပေးခဲ့တာ။ နောက်ပိုင်း မင်းရေးတဲ့မှတ်စုတွေကို ဖတ်ကြည့်တော့ သူတို့က တူနေတာပဲ "

အန်းနင် ရှက်ရွံမှုတွေနဲ့ ပြုံးလိုက်ကာ,

"ငါ့လက်ရေးက ဆိုးတယ်နော်"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now