Chapter《52》

1.5K 397 13
                                    


『Unicode』

"မင်း နာမည်စဉ်းစားပြီးပြီလား?"

ချင်ဝေ့ဟော်က သူတို့အတူထွက်လာချိန်မှာ မေးလိုက်သည်။

"အင်း,"

အန်းနင်က နောက်ကနေလိုက်ပါလာရင်း ခေါင်းညိတ်ပြမိ​၏။

"အရင်တုန်းက Just so so ဆိုပြီးရှိတယ်မလား? ဒါဆို ဒီတစ်ခုကို Veyronလို့ခေါ်ကြရအောင်!*"

[*TN: Bugatti Veyronကား က နာမည်ပါ။ ]

ချင်ဝေ့ဟော်က 'မင်းတကယ်ပြောနေတာလား'ဆိုတဲ့ အမူအရာနဲ့ ခေါင်းလှည့်လာခဲ့​၏။

အန်းနင်က,

"ဒီနာမည်ကို ကြားလိုက်တာနဲ့ မင်း repointလုပ်ခဲ့တဲ့ တောင်ဆိုတာ သိသွားနိုင်တယ်လေ။ ငါ စဉ်းစားပြီးပြီ, မင်းredpointလုပ်မဲ့ နောက်လမ်းကြောင်းကိုလဲ R1လို့ ခေါ်မယ်!"

ချင်ဝေ့ဟော်က အရှေ့ကိုလျှောက်ရင်း ပြုံးလိုက်သည်။

"ဒါဆို ငါ ဆိုင်ကယ်ဘယ်နှစ်စီးလောက်များ ဝယ်ရမှာပါလိမ့်....."

သူ့အသံကိုကြားရတော့ အန်းနင်လဲ မသေချာတော့။

အထွက်လမ်းက ကျဉ်းနေသောကြောင့် လူတစ်ဦး ဖြတ်ရန်သာ နေရာလုံလောက်လေသည်။

လက်ရှိမှာတော့ သူက ချင်ဝေ့ဟော် နောက်ကလိုက်နေပြီး သူ့ရဲ့ အမူအရာကိုကြည့်ရန် ချင်ဝေ့ဟော်ကို အမီလိုက်ချင်နေမိသည်။ သူ မှီသွားသည်နှင့် တပြိုင်နက် ချင်ဝေ့ဟော်ရဲ့ ခြေတံရှည်များသည် ရှေ့သို့ လှမ်းတက်နေပြီ ဖြစ်သောကြောင့်အနောက်မှ မေးလိုက်ရသည်။

"... မင်း မကြိုက်ဘူးလား?"

ချင်ဝေ့ဟော်က လမ်းလျှောက်နေရင်း,

"မဟုတ်တာ၊ ငါကြိုက်ပါတယ်"

သူ ပြောလိုက်ပြီး ခေါင်းကိုလှည့်လာခဲ့​၏။ သူ့အမူအရာက ဘေးဘက်ကို အလုံးစုံ လှည့်မလာသော်လည်း အန်းနင်ကတော့သူ့ရဲ့ မျက်ခုံးတွေပင့်နေတာကိုမြင်လိုက်ရ​၏; ဒါက ပျော်နေတဲ့ အမူအရာပဲ!

သူ စိတ်အေးသွားရကာ နောက်ကနေ လိုက်လာခဲ့သည်။

"ဒါဆိုလဲ မင်းကြိုက်တဲ့ trendy brandတွေဆိုရင်ရော?"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now