Chapter《11》

2.3K 528 0
                                    


『UNICODE 』



အန်းနင်၊ လျန်ရှန်းဟန်နဲ့ ရှောင်ပေါင်တို့ ချင်ဝေ့ဟော် မဆင်းလာခင်အထိ ၁၅မိနစ်မျှ အောက်ထပ်တွင် စောင့်နေခဲ့ကြသည်။ ရှောင်ပေါင်က ချက်ချင်းပင် လက်ကိုမြှောက်လိုက်ပြီး သူ့ကိုခေါ်သည်,"ချင်ဝေ့ဟော်!ဒီမှာ!"

ချင်ဝေ့ဟော် ထွက်ပြေးသွားမှာကို ကြောက်နေသကဲ့သို့ပင်။

ချင်ဝေ့ဟော်က အောက်ထပ်သို့ မြန်မြန်ပင် လျှောက်လာခဲ့ငည်။ သူက ရှောင်ပေါင်သူ့ကိုခေါ်လိုက်တာကို ကြားရသောအခါ ခေါင်းမော့ပြီးကြည့်လာခဲ့သည်။ မထင်မှတ်ဘဲ သူ့ရဲ့ခြေလှမ်းတွေကို နှေးလိုက်သည်။ ရောက်လာတဲ့အခါမှာတော့ လျန်ရှန်းဟန်က သူ့ကိုမေးလိုက်သည်

"ဘာလို့ ဥပဒေအကျိူးဆောင်က မင်းကို ရှာနေတာလဲ?"

"အိပ်ဆောင်ကို ပြန်ရွှေ့လာဖို့ ငါ့ကို အကြံပေးတာ." ချင်ဝေ့ဟော်က ပုံမှန်အတိုင်းပင် ပြောဆိုလာခဲ့သည်။

အန်းနင်မှာတော့ ချက်ချင်းပင် အနည်းငယ် စိုးရိမ်သွားရသည်။ သူ ခေါင်းမော့လိုက်ပြီး ချင်ဝေ့ဟော်ကို ကြည့်လိုက်မိသည်။ သူ့အမူအရာများမှ သဲလွန်စတချို့ကို မြင်ချင်မိပါသော်လည်း ဒါက ချင်ဝေ့ဟော်ရဲ့ ကိုယ်ပိုင်ကိစ္စသာဖြစ်ကြောင်း တွေးမိသွားရသည်။ ချင်ဝေ့ဟော်က တခြားသူတွေနဲ့ အတူ မနေခဲ့ဘူးကြောင်း ပြောခဲ့ပြီးသားဖြစ်လို့ သူ မပြောင်းလာနိုင်လောက်ပေ။ ထို့ကြောင့်အန်းနင်လဲ ဘာမှ မပြောဖြစ်တော့။ အဲ့ဒီအစား လမ်းလျှောက်ရင်း မေးလာခဲူ့မှာ ရှောင်ပေါင်ဖြစ်နေသည်။

"အဲ့ဒါဆို မင်း ပြောင်းလာခဲ့မှာလား ,ကော?"

ချင်ဝေ့ဟော်က ကြောင်အသွားပြီး သူကို ကြည့်လိုက်​၏။ ခင်မင်းရင်းနှီးလှတဲ့"ကော"ဟူသောအသံကြောင့် ဖြစ်ပေမည်။

ရှောင်ပေါင်မှာလည်း ချင်ဝေ့ဟော်ရဲ့အကြည့်ကြောင့် အနည်းငယ် ရှက်ရွံ့သွားရသည်။

"စကားမစပ်,မင်းက ငါ့ထက် ကြီးလား၊ငယ်လားဆိုတာ မသိသေးဘူး..."

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now