Chapter《58》

1.6K 392 14
                                    


『Unicode』

အပြန်လမ်းတွင် အခါအားလျော်စွာဖြင့် သူတို့ ရှုခင်းကြည့်တဲ့ နှစ်ထပ် ဘတ်စ်ကားကို တွေ့ခဲ့ကြသည်။ အန်းနင်က စိတ်လှုပ်ရှားစွာနဲ့ ချင်ဝေ့ဟော်ကိုမေးလိုက်​၏။

"မင်း အရင်က စီးဖူးလား?"

ချင်ဝေ့ဟော်က ဘက်စ်ကားပေါ်က အတွဲခုံကို ကြည့်လိုက်ရင်း,

"အဲ့ဒါက အိမ်ပြန်တဲ့လမ်းကို မသွားဘူး"

သူက ဒီလိုပြောလာခဲ့သဖြင့် အန်းနင်လဲ ရုတ်ခြည်းရှက်ရွံ့သွားရသည်။ သူတို့က ပစ္စည်းဝယ်ဖို့လာခဲ့တာ၊ ရှူ့ခင်းကြည့်ဖို့မှမဟုတ်ပါဘဲ။ ဒါကြောင့် သူ နားလည်ယောင်ဆောင်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

နှစ်ထပ်ဘက်စ်ကားက စင်္ကြံမှာရှိနေဆဲပင်။ အန်းနင်က မလှမ်းချင့်လှမ်းချင်နဲ​့ အရှေ့ကို လှမ်းလိုက်တဲ့အချိန်မှာရုတ်တရက် အနောက်က ချင်ဝေ့ဟော်ရဲ့ အသံကို ကြားလိုက်ရသည်။

"ငါတို့တွေခဏတော့ လှည့်ပတ်စီးလို့ရပါတယ်"

သူရပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်မိ​၏။

ချင်ဝေ့ဟော်က အဲ့ဒီမှာရပ်နေခဲ့ပြီး ဆိုင်းဘုတ်ကို ကြည့်နေခဲ့သည်။အတည်ပြုပြီးနောက်မှာတော့,

"ငါတို့တွေ မှတ်တိုင် ငါးခုစီးပြီးမှ ရထားကို ပြောင်းလို့ရတယ်."

နောက်ဆုံးကျမှ မျက်ခုံးကို ခပ်ဖွဖွပင့်လျက် သူ့ကို ကြည့်လာခဲ့သည်။

"သွားချင်လား?"

ဘက်စ်ကားပေါ်တက်ပြီးနောက် နှစ်ယောက်စလုံး ဒုတိယထပ်သို့ပင် တည့်တည့်မတ်မတ်သွားလိုက်ကြသည်။ ဘက်စ်ကားပေါ်က လှေကားတွေကို တက်ရခြင်းက အန်းနင်ကို လတ်ဆတ်တဲ့ အတွေ့အကြုံကို ခံစားရစေသည်။ အေးတဲ့နေ့တစ်နေ့ဖြစ်၍ သူတို့မှလွဲရင် ဒုတိယထပ်မှာ လူမရှိခဲ့ပေ။ သူတို့က ပင်မလမ်းနဲ့နီးတဲ့ ခုံမှာ ထိုက်လိုက်ကြ​၏။

လူနှစ်ယောက်မှာ ပင်မလမ်း ခြားနေခဲ့ပြီး တစ်ယောက်စီက တစ်ဖက်စီမှာထိုင်နေခဲ့ကြသည်။ အန်းနင် ယောက်ျားလေးနှစ်ယောက် အတူထိုင်တာက တကယ် မဖြစ်နိုင်သည့်အပြင် အရမ်းလဲ ထူးဆန်းသလို ဖြစ်နေတယ်လို့ခံစားရတာကြောင့် သူတို့တွေ ဒီလို ခွဲပြီးသာ ထိုင်နိူင်လေသည်။ ဒါပေမယ့် အဆင်ပြေပါသည် — သူ ရင်ထပ်မခုန်အောင် ရှောင်ရှားန်ိုင်ပြီးအတွေးရိုင်းများ ရှိမိတကိုလဲ ရှောင်ရှားနိုင်ပေမည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now