Chapter《37》

1.9K 414 3
                                    


『Unicode』

ချင်ဝေ့ဟော်ကို အဆင်မြင့်သင်္ချာသင်ပေးရမည်ဖြစ်၍ နေ့ခင်း ကိုယ်ပိုင်-စာကြည့်ခြင်းကို အန်းနင် လက်လျှော့လိုက်ပြီးညစာအတွက် ကန်တင်းကိုသွားကာ အိပ်ဆောင်သို့ တည့်တည့်မတ်မတ်ပင် ပြန်လာခဲ့သည်။ ရလဒ်အနေနဲ့ကတော့ သူတံခါးဖွင့်လိုက်သောအခါ မည်သူမှ ရှိမနေခဲ့ပေ။

ချင်ဝေ့ဟော်က ထပ်ပြီး ရှောင်ထွက်သွားပြန်သည့်အတွပ်သူလဲ စာရေးခုံဆီသို့ ခံပြင်းမှုများဖြင့်သာလျှောက်သွားလိုက်ကာသူ့ပစ္စည်းတွေကို ချလိုက်​၏။ သူ လှည့်ပတ်ကြည့်လိုက်မိသောအခါ ချင်ဝေ့ဟော်ရဲ့ တောင်တက်ကျောပိုးအိတ်နဲ့ကျောပိုးအိတ်နှစ်ခုလုံးကို စာရေးခုံပေါ်မှာ တွေ့လိုက်ရသည်။ ထို့အပြင် သူ့ဖုန်းကလဲ စာရေးခုံမှာ အားသွင်းထား​၏။

အန်းနင် အလွန့်အလွန် ဝမ်းသာသွားရသည်။

ဒါဆို သူ ရှောင်မထွက်သွားဘူးဘဲ....

၇:၀၀နာရီတွင် သော့ကို ထုတ်လိုက်ပြီးတံခါးဖွင့်ဖို့ ပြင်နေသည့် အသံကို အန်းနင်ကြားလိုက်ရသဖြင့် သူ ကူပြီး တံခါးဖွင့်ပေးလိုက်သည်။ တံခါးပွင့်လာသည်နှင့်တပြိုင်နက် အရပ်ရှည်ရှည်နဲ့ ချောမောလှတဲ့ ကျောင်းမြက်လေးချင်က လက်ထဲမှာသော့ကိုင်ထားလျက် အပြင်ဘက်မှာ ရပ်နေခဲ့သည်။ သူက အန်းနင်ကို ကြောင်အစွာကြည့်နေခဲ့ပြီးမှ "ကျေးဇူးပဲ"ဟု တီးတိုးပြောလာခဲ့သည်။

တံခါးလေးဖွင့်ပေးရုံတင်ပါ ကျေးဇူးတင်စရာမလိုပါဘူး!

အန်းနင် ပြုံးပြလိုက်ကာ ချင်ဝေ့ဟော်ကို ဝင်ခွင့်ပြုလိုက်ပြီး တံခါးပိတ်လိုက်သည်။ ဘန်းဟုသောအသံနှင့် ချင်ဝေ့ဟော်မှာသူ့ခေါင်းကနေ လေအေးတစ်ချက် တိုက်ခတ်သွားသလို ခံစားလိုက်ရသည်။ သူလှည့်ကြည့်မိလိုက်ရာ အန်းနင်က ပြုံးပြလျက် သူ့ကို ပြောလာခဲ့သည်။

"အောက်ထပ်ကို စားဖို့သွားတာလား?"

ချင်ဝေ့ဟော်ကသူ့အတွက် ဘာမှဝယ်လာပုံမရပါဘဲ သော့တွဲနဲ့ ထမင်းစားကဒ်ကိုသာ ယူသွားခဲ့ပုံပေါ်သည်။ တစ်ချက်ကြည့်ရုံမျှဖြင့် သူက စားဖို့သွားခဲ့ပြီး သူတို့သဘောတူထားတာကို မေ့မနေဟု သူပြောနိုင်သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now