Chapter《64》

2K 368 5
                                    


『Unicode』

ထိုနေ့ညမှ နောက်တစ်နေ့နံနက်အထိ အချိန်တွေက မူလအတိုင်း တစ်ကျော့ပြန်သွားသည်။

နေ့ရက်နဲ့ နာရီကြားမှာ ကွာခြားချက်ဟူ၍ မရှိပါဘဲ မိနစ်နဲ့ စက္ကန့်ကြားက ပိုကဲနေတဲ့ ချောမွေ့မှုတို့ကလဲ အိပ်မက်တစ်ခုလိုပင်။

ဒါက သူအနက်ရောင် Land Roverကြီးပေါ်မှာထိုင်နေပြီး တံခါးက အသံမြည်ကာ ပိတ်သွားခဲ့​သည်အထိသာဖြစ်​၏။ထိုအခါမှသာ အန်းနင်လဲ အိပ်မက်ကနေ နိူးလာခဲ့သလို ခံစားလိုက်ရလေသည်။

အန်းနင် အနည်းငယ်ရှက်သွားရသည်; သူ တစ်မှေးအိပ်လိုက်မိတာပင်။ သူ R1ကြီးရဲ့ နောက်ခုံမှာထိုင်ပြီး ချင်ဝေ့ဟော်ရဲ့ကျောပြင်ကိုမှီကာ သူ့ကိုပွေ့ဖက်ထားရသလို ခံစားလို့ရနေဆဲ ဖြစ်သည်။

ချင်ဝေ့ဟော် သူ့ ထိုင်ခုံခါးပတ်ကိုမြဲအောင် ပတ်ရန် ခေါင်းငုံ့လိုက်ချိန်မှာ သူ့ဘေးကလူက သာသာလေး ကြို့ထိုးသွားတာကို ကြားလိုက်ရ​၏။ သူ ရယ်မောမိမှာကို ထိန်းချုပ်ရန် နှုတ်ခမ်းထောင့်များအား စုဝိုင်းလိုက်ရသည်။

ဒက်ရှ်ဘုတ်ကို မ,လိုက်ပြီး ကား ထွက်လိုက်တဲ့အချ်ိန်မှာ အန်းနင်ရဲ့ ဗိုက် ပြည့်နေသလိုခံစားနေရသည်။ အခု မနက် ၇:၄၅ရှိပြီ။ အောက်ထပ်ကို မသွားခင် ချင်ဝေ့ဟော်က သူ့ကို နွားနို့တစ်ပုလင်း၊ ဝက်ပေါင်ခြောက်နဲ့ ပေါင်မုန့်တွေကို အတင်းထိုးပေးကာ သူ့ကို ပိုစားရန်ပြောလာခဲ့သည်။

"မမှောင်ခင်အထိ မင်းခြေထောက်တွေ မြေကြီးကို ထိရမှာမဟုတ်လောက်ဘူး "

ချင်ဝေ့ဟော်ရဲ့ စကားလုံးတွေက အမူမဲ့အမှတ်မဲ့ဖြင့် အနည်းငယ် ကြိမ်းဝါးသံပါနေရာ ဘယ်လို "တောင်"မျိူးလဲဆိုတာကိုသိချင်အောင်လုပ်နေသလိုပင်။

လမ်းပေါ်မှာ ကားတွေလဲ အများကြီးမရှိပေ။ နက်ပြာရောင် မနက်ခင်း​​၏ အလင်းရောင်နဲ့ လမ်းမကြီးက တိတ်ဆိတ်ကာကျယ်ပြန့်နေပုံပေါ်သည်။ တစ်ကိုယ်တည်း Land Rover အနက်ရောင်ကြီးကတော့ မျဉ်းကြားနောက်မှာ ရပ်လိုက်ပြီး မီးနီကိုစောင့်သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now