Chapter《41》

1.7K 394 8
                                    


『Unicode』


အပြင်ဘက် ရာသီဥတုမှာ လေပြင်းထန်နေဆဲဖြစ်သည်။ ချင်ဝေ့ဟော်က ပြတင်းပေါက်မှာထိုင်နေရင်း ရုတ်တရက်ပြောလာခဲ့သည်။

"ကျေးဇူးတင်ပါတယ်"

အန်းနင် သူ့အတွေးများ ပျက်သွားရ​၏,"မင်းကငါ့ကို ဘာအတွက် ကျေးဇူးတင်နေရတာလဲ?"

"ငါ့ကို နောက်ဆက်တွဲသင်ခန်းစာ ပေး,ပေးလို့ပါ."

"အာ အဲ့ဒါလား." အန်းနင် ရယ်လိုက်မိသည်။

"မင်းက အရမ်းယဉ်ကျေးလွန်းနေပါပြီ။ မင်းတောင် အပြန်အလှန်အနေနဲ့ ငါ့ကို ကျောက်တောင်တက်သင်ပေးတာပဲလေ !"

"ကျောက်တောင်တက်တာက ဝါသနာတစ်ခုတင်ပဲ",

ချင်ဝေ့ဟော်က ခုံထဲက သူ့ညာဘက်လက်မောင်းကို ထုတ်လျက်ပြောလာခဲ့သည်။

"ငါမင်းကို မသင်ပေးလဲ မင်းက ကလပ်ကို ဂျွိုင်းနိုင်နေတုန်းပဲ။ ဒါပေမယ့် မင်းသာငါ့ကို နောက်ဆက်တွဲ သင်ခန်းစာတွေ မပေးခဲ့ရင် ငါက သင်ရိုးကျသွားနိုင်တယ်လေ"

သူက စကားပြောနေရင်း အေးအေးဆေးဆေးပုံစံနဲ့ နောက်ကို မှီထားသေးသည်။ ၎င်းကဲ့သို့ သာမန်စာရေးခုံနဲ့ စားပွဲကပင်ဆိုဖာပေါ်မှာ ထိုင်နေသည့်နှယ် လေးတွဲ့နေသည့်ခံစားမှုကို ပေးစွမ်းနေ​၏။

အန်းနင် ချင်ဝေ့ဟော် ရုတ်တရက်ကြီးဘာလို့ ဒါကို ပြောသလဲ သိချင်သွားပေမယ့် သူလဲ နည်းနည်းတော့ နားလည်နိုင်ပုံရသည်။ ချင်ဝေ့ဟော်သူ့ကို နူးညံ့ပေးတာက အကြောင်းပြချက် မရှိ မဟုတ်ပါချေ။ ဒါတွေအားလုံးက အကျိုးအကြောင်းသင့်နေပေမယ့် သူ့နှလုံးသားမှာ လမ်းပျောက်ရသလို ခံစားချက်​ရေးရေးလေး ရှိနေဆဲပင်။ ချင်ဝေ့ဟော်ရဲ့ အပြုအမူတွေကသာ အလိုက်ထိုက်မဟုတ်နေပါလျှင် သူ့ရဲ့ ချစ်ခြင်းအတွက် မျှော်လင့်ချက်ရေးရေးလေးရှိနိုင်သေးသည်။

သူ ကြမ်းပြင်ကို တိုက်ပြီးနောက် ထိုင်ခုံတွေကို တစ်ခုချင်း စပြီး ဆွဲချလိုက်သည်။ ချင်ဝေ့ဟော်ကလဲ ထလာပြီး ထိုင်ခုံတန်းတွေကို ကူချပေးလာခဲ့​၏။ နှစ်ယောက်သား ခုံတစ်ခုထဲကို ကိုင်လိုက်မိသောအခါ အန်းနင်မှာ အမြန်ပင် ခေါင်းမော့ကြည့်လိုက်ရာ အတိအကျပင် ချင်ဝေ့ဟော်ရဲ့ မျက်လုံးများနဲ့ ဆုံလိုက်ရလေသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now