Chapter 《51》

1.7K 373 6
                                    


『Unicode』


ဦးတည်ရာရောက်တဲ့အခါမှာတော့ လေကာမှန် ရဲ့ရှေ့မှာ ဘာအဆောက်အအုံမှ မမြင်ရပေ; ပြာလဲ့လဲ့ မြူတွေထဲမှာ တောတောင်တွေနဲ့သာ ဖုံးအုပ်ထားသည်။ ချင်ဝေ့ဟော်က အင်ဂျင်ကို ရပ်လိုက်ပြီးသူ့ဘေးမှာ အိပ်နေတဲ့ အန်းနင်ကို ကြည့်လိုက်သည်။တစ်ဖက်လူက ပြတင်းပေါက်ဘက်မှာ အိပ်နေခဲ့​၏။ သူ လက်မြှောက်လိုက်ပြီး တစ်ဖက်လူကို နှိုးလိုက်ချင်ပေမယ့် ပြန်ချဖြစ်လိုက်သည်။ သူ ကထိုင်ခုံခါးပတ်ကို လျှော့လိုက်ပြီး ခန္ဓာကိုယ်ကို ကိုင်းလိုက်ရာ ခုံမှ အသံထွက်လာခဲ့​၏။ထိုနောက်မှာတော့ အိပ်နေတဲ့သူရဲ့မျက်နှာလေးက ယိမ်းလာခဲ့တာကို မြင်လိုက်ရလေသည်။

​စိုက်ကြည့်နေစဉ်မှာ သူ အသက်အောင့်ထားမိသည်။ သူ အသက်ရှူထုတ်ပြီး နောက်ထပ် ဖြည်းဖြည်းနဲ့ ပြင်းပြင်း တစ်ရှိုက်မရှူလိုက်ခင်အထိ ကားက တိတ်ဆိတ်နေတုန်းပင်။

ဒါက ထင်ယောင်ထင်မှားဖြစ်နေတာလားမသိပေမယ့် အန်းနင်ရဲ့ အသားအရေက သူ ကလေးဘဝတုန်းကသောက်ခဲ့ဖူးတဲ့နို့နံံ့လေး အမြဲတမ်းရနေသလို ခံစားရ​၏။ ထိုအချိန်က သူ နို့မသောက်ချင်သဖြင့် အလွန်ကို ဝေ့လည်ကြောင်ပတ်လုပ်ခဲ့ပေမယ့် သူ့အမေက မသောက်ရင် အရပ်မရှည်ဘူး၊ မထွားဘူးလို့ပြောကာ သောက်စေခဲ့သည်။မထွားဘူးဆိုတာကသေချာပေါက်ကို မှားယွင်းနေသော်လည်း ထိုအချိန် အလယ်တန်းကျောင်းတုန်းက သူ့အရပ်ဟာ အတန်းပျမ်းမျှအရပ်ထက် တကယ်ပင် ပိုနိမ့်ခဲ့လေသည်။ နောက်ပိုင်းမှာတော့ နိုင်ငံခြားသားတွေက နို့သောက်ကြပြီး အကုန်အရပ်ရှည်ကြကြောင်းတွေ့ရှိခဲ့ရ၍ နိူ့သောက်ခဲ့တာက သူကို အရပ်ပိုရှည်ဖို့ လွယ်ကူအောင် လုပ်ပေးခဲ့သည်ဟု ထင်ရသည်။ ထို့ကြောင့်နေ့စဉ်နေ့တိုင်း နို့သောက်ရတာရဲ့ အဆင်မပြေမှူတွေနဲ့ကို ခုခံဖြစ်ခဲ့သည်။

နို့က သူလိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးခဲ့ပါသည်; အထက်တန်း ပထမနှစ်ကတည်းက သူ အရှေ့ဆုံးငါးခုံမှာဘယ်တုန်းကမှ မထိုင်ရတော့ချေ။

တိုးဖျနေတဲ့ ပါ့' ဆိုတဲ့ အသံလေးက မိုးစက်တစ်စက်နှယ် စက်ခေါင်းဘက်မှ ကြားလာရသည်။ ချင်ဝေ့ဟော် သူ့ခေါင်းကိုလှည့်ကြည့်မိလိုက်ရာ စက်ခေါင်းရှေ့မှာ အပြာရောင်ငှက်လေးတစ်ကောင် ခြေချနေတာကို မြင်လိုက်ရ​၏။ ခဏအကြာတွင် နောက်ထပ် ငှက်လေးတစ်ကောင်ကလဲ စက်ခေါင်းပေါ်ကို ညင်သာစွာဖြင့် ဆင်းလာခဲ့ပြန်သည်။ လေကာမှန် နောက်မှာငှက်နှစ်ကောင်က တစ်ကောင်အမွှေးကို တစ်ကောင် ဖီးသပ်ပေးနေတာကို သူ စိုက်ကြည့်နေမိခဲ့​၏။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now