Chapter 《49》

1.6K 369 18
                                    

『Unicode』


ချင်ဝေ့ဟော် လန်ထျန်းနိူင်ငံရောက်သောအခါ ဗီလာတံခါးက ပွင့်နေခဲ့သည်။ သူ တံခါးဆီကို လျှောက်လာချိန်တွင်တော့ယွီရမ်ရဲ့ အောင်မြင်လှတဲ့အသံကို ကြားလိုက်ရသည်။

"... အဲ့ကလေးက 80% လောက် Oedipus complex ဖြစ်နေတာ၊ ဘွဲ့ရပြီးရင်တော့ ငါတို့ထက်တောင် ကြီးတဲ့ မိန်းမတစ်ယောင်ကို ရှာလောက်တယ်!"

ကျုံးကျင်းက စိတ်ပူနေပြီး နူးညံ့တဲ့ အဖေလေသံနဲ့ပြောလာခဲ့သည်။

"ကောင်းပြီ, ဒီကိစ္စအလုပ်ဖြစ်ဖို့ အစ်မကြီးကလဲ သူ့ကို စိတ်ဝင်စားဖို့လိုသေးတယ်လေ။ သူက အခုထိ မရင့်ကျက်သေးဘူးဆိုတော့ သူ နည်းနည်းလောက် မရင့်ကျက်လာမချင်း အလုပ်ဖြစ်မှာမဟုတ်ဘူး."

"သူက ရင့်ကျက်ဖို့မလိုဘူး! သူ့လို အရည်အချင်းတွေနဲ့ တစ်စုံတစ်ယောက်က အသက်ကြီးတဲ့မိန်းမတွေ ကြိုက်တာမျိူးပဲ။ဒါမျိူးက မိခင်အချစ်မျိူးကို နှိူးဆွစေတယ် နားလည်လား? "

ချင်ဝေ့ဟော်က တံခါးနောက်မှာရပ်နေလိုက်ပြီး ဝင်မလာခဲ့တော့။ ဒီနှစ်ယောက်က ဘာလို့ တခြားဟာမျိူးမပြောနိုင်ရသလဲဆိုတာ သူ နားမလည်နိုင်တော့ချေ။

ကျွန်တော်ကများ ခင်ဗျားတို့နှစ်ယောက်ဆီမှာ မွေးစားခံလိုက်ရပြီး ခင်ဗျားတို့သား ဖြစ်လာခဲ့တာလား?

အယ်လ်ကိုဟောရဲ့ လွှမ်းမိုးမှုအောက်တွင် ယွီရမ်အသံက ပို၍ပင် ကျယ်လောင်လာခဲ့သည်။ ပြီးလျှင် သူက ကလေးများအတွက် မသင့်တော်တဲ့ အကြောင်းအရာတွေကိုပါ တဖြည်းဖြည်းချင်း ပြောလာခဲ့​၏။

"အခု, သူက သိုင်းကြိုးဝတ်ရင်တောင် ရှက်နေတာလေ။အဲ့ဒါက ဘာများ ရှက်နေစရာရှိလို့လဲ? တခြားသူတွေကအားကျမှာတောင် မဟုတ်ဘူး။ ရှေ့လျှောက် သူ ဘယ်လိုများ ကောင်မလေးရမှာလဲ? တစ်ဖက် မိန်းမက အရင် လက်ဦးမှုယူလိမ့်မယ်လို့တော့ မပြောနဲ့..."

ကျူံးကျင်းက ပြောလာသည်, "မင်းပဲ သူ အသက်ကြီးတဲ့မိန်းမကို ရှာမယ်လို့ ယုံကြည်ထားတယ်မလား? အသက်ကြီးတဲ့မိန်းမတစ်ယောက်က သူ့ကို သင်ပြနိုင်မှာပါ"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now