Chapter《29》

2.1K 479 10
                                    


『Unicode』


သောကြာနေတွင် ချင်ဝေ့ဟော်က ကျုံးကျင်းကို ပုံမှန်အတိုင်း ပြန်လည်ထူထောင်ရေးအတွက် လိုက်ပို့ပေးခဲ့သည်။ သူကနေ့လည်ခင်းကတည်းကရောက်နေခဲ့သဖြင့် သူပြန်လျှင် အချိန်လုနေရမည်စိုး၍ သူ့ရဲ့ Yamaha R1ကြီးကို စီးလာခဲ့သည်။

ဒီဆိုင်ကယ်ကို မြင်ရတာ ကျုံးကျင်းအတွက်တော့ ပထမဆုံးအကြိမ်ပင်။ သူက သူ့ဗီလာရဲ့ အဝင်ဝမှာ အနက်ရောင်မော်တော်ဆိုင်ကယ် ရပ်လာတာမြင်ရတုန်းက အနည်းငယ် အံ့ဩသွားရသေးသည်။ ချင်ဝေ့ဟော်က အနက်ရောင် Racer Jacketကို ဝတ်ထားပြီး ဆိုင်ကယ်ကို ရပ်လိုက်သည်။ Helmetက လက်ကိုင်မှာတွဲလောင်း ချိတ်ဆွဲလိုက်သည်။ အဝတ်အစားတွေက သူ့နဲ့ တကယ်ကို မိုက်နေခဲ့​၏။ ၎င်းက အပေါ်တစ်ကိုယ်လုံးကို ဖုံးထားတာဖြစ်ပြီး အထူးသဖြင့် ပုခုံးလိုင်းများကိုပင်။

ခေတ်ရှေ့ပြေးလှသော စစ်ယူနီဖောင်းကံသို့ တောင့်တင်းသော ပခုံးသိုင်းကြိုးမျိုးပါရှိသည်။ သာမန်လူများအတွက် ပခုံးပြားများထည့်ရန် လိုအပ်ပေမည်။ အလန်းဆုံးအရာကတော့ Night Racingအတွက် လုပ်ဆောင်ချက်တစ်ခုပါ၀င်တာပင်။လက်ပတ်နှင့် လက်စွပ်၏ တစ်ဖက်ကို မီးလင်းသောအချောင်းများဖြင့် ဒီဇိုင်းထုတ်ထားသည်။

အရင်က ချင်ဝေ့ဟော်သည် ဆန်းပြားတဲ့ဝတ်စုံများစွာကို ဝတ်ဖို့ရွေးချယ်ခဲ့ဖူးသည်။ သူနဲ့ ယွီရမ်က ဒီအတွက် ကွန်ပလိန်းတတ်ခဲ့ကြသော်လည်း အခုချိန်မှာတော့ သူတို့ ထပ်ပြီး ကွန်ပလိန်းမတတ်နိုင်ကြတော့ပေ။

ချင်ဝေ့ဟော် အိမ်ထဲဝင်လာသောအခါ ကျုံးကျင်းက ဝီးချဲလ် ပေါ်ကနေ သူ့ကို စောင့်နှင့်နေပြီဖြစ်သည်။

"ဝိုး မင်းက တကယ်မိုက်တာပဲကွ! ငါက ဒီဆိုင်ကယ်ဘယ်ကလာလဲသိချင်နေတာ!!အိတ်ဇောသံကအရမ်းဆူလို့လေ! မင်းဖြစ်နေမယ်လို့ မထင်ခဲ့ဘူး"

ချင်ဝေ့ဟော်က တံခါးမှာစောင့်နေသည်ကိုမြင်သောအခါ သူက ဖိနပ်ကိုမချိန်းတော့ဘဲ တံခါးကိုကိုင်ပြီး သူ့ကိုစောင့်ရင်းပြောလာသည်။

"သွားစို့!."

သူတို့ကားကို မရောက်ခင်မှာပဲ ကျုံးကျင်းက သူ့ကို ရပ်ဖို့ပြောလာသည်။ ချင်ဝေ့ဟော်က ဝီးချဲလ်ကို ရပ်ပြီး ခေါင်းငုံ့၍မျက်မှောင်ကြုတ်လာခဲ့သည်,"ဘာလို့လဲ?"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now