Chapter 《1》

9.3K 788 2
                                    

【Unicode】


အန်းနင်တစ်ယောက် Aတက္ကသိုလ်၊ ဥပဒေ ဌာနရဲ့ ပထမနှစ်အိပ်ဆောင်မှာ ချင်ဝေ့ဟော်နဲ့ ပထမဆုံး ဆုံခဲ့တာကို အမြဲတမ်း သတိရမိသည်။

ထိုအချိန်မှာ ဩဂုတ် ၃၁ရက် ဖြစ်ပြီး အပူချိန်ကလဲ ၃၇ဒီဂရီရှိသည်။ လွန်ခဲ့သောနေ့က ကျောင်းကိုရောက်ဖို့ ရထားစီးခဲ့​၏။ Aတက္ကသိုလ်​၏တရားဝင် ဝက်ဘ်ဆိုက်ဒ်က အချက်အလက်များအရ ကျောင်း​၏ ဧရိယာမှာ ၁,၁၀၀၀ဧကလောက်ရှိကြောင်း ဖော်ပြထားသည်။သူရောက်လာတော့မှ ကျောင်းရဲ့ ပုရဝုဏ်က စကူတာတွေပင် ရှိနေသည့်တိုင်အောင် ကျယ်ပြောနေမှန်း သိလိုက်ရသည်။

လုပ်ရိုးလုပ်စဉ်တွေအားလုံးပြီးစီးတဲ့အထိ သူ အကြိမ်ပေါင်းများစွာ အသွားအပြန်လုပ်လိုက်ရ​၏။ ထို့နောက် လမ်းဘေးမှတစ်စုံတစ်ယောက်ကို သူ့ရဲ့နေဖို့ထိုင်ဖို့အရာတွေကိုသယ်ထားရင်းပင် ဥပဒေ ဌာနရဲ့ အိပ်ဆောင် လမ်းကို မေးမြန်းလိုက်သည်။

အစိမ်းရောင်အရင့်တွင် အဝါရောင် အစင်းကြောင်းအနည်းငယ် ကို ဖော်ပြထား​၏။ နေရောင်က ပြင်းလွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူလဲ ရေဆာလာတာကြောင့် အိပ်ဆောင်ရဲ့ အပြင်ဘက်နံရံတွေက သူ့ကို လတ်လတ်ဆတ်ဆတ်နဲ့ ညှစ်ဖျော်ထားတဲ့ သံပုရာရည်ကိုအမှတ်ရသွားစေ​၏။

အိပ်ဆောင် ဧရိယာထဲလမ်းလျှောက်လာသောအခါ အရောင်ရင့်ရင့်က သူ့ခန္တာကိုယ်ကို ချက်ချင်းပင် အေးမြသွားသလို ခံစားရစေခဲ့သည်။အန်းနင်က သူ့Luggage လေးနဲ့ အဆောင်၆ကို ဝင်လာခဲ့သည်။ အဆောင်ထဲကို ဝင်လာကြတဲ့လူတွေလဲရှိ​၏။ အများစုမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်က ရောက်နေကြသည့် ပထမနှစ်များဖြစ်ကြပြီး တံခါးကို ဖြတ်၍ ပြေးလွှားရင်းအလုပ်များနေကြသည်။

ပထမအထပ်တွင် သူအခန်းသော့ယူလိုက်ပြီး အိပ်ဆောင် မန်နေဂျာဦးလေးကြီးကို ရှက်ရွံ့စွာမေးမြန်းလိုက်သည်။

"ကျွန်တော်က နောက်ဆုံးရောက်တဲ့သူများလား?"

"ဖြစ်သလောက်ပဲ...ဟေ့, မင်းက 606,ကမလား? မင်းရဲ့အခန်းဖော်လဲ ဒီမနက်ပဲ ရောက်လာတယ်."

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now