Chapter 《47》

1.5K 416 19
                                    


『Unicode』


ခရစ်စမတ်အပြီးမှာတော့ နှစ်သစ်ကူးမတိုင်မီညက မျက်စိတစ်မှိတ်အတွင်းမှာပဲ ရောက်လို့လာသည်။ ပိတ်ရက်ကလဲ နှစ်သစ်ကူးနေ့နဲ့ဆက်နေတာဖြစ်လို့ ကျောင်းကသုံးရက်တိုင် ပိတ်ပေးခဲ့သည်။ မူလကတည်းက အန်းနင်မှာ သူ့မှာဘာမှလုပ်စရာမရှိဘူးလို့ တွေးခဲ့မိသည်။ ဘာပဲဖြစ်ဖြစ် သူ့လို Workaholic တစ်ယောက်အဖို့တော့ အားလပ်ရက်တွေက ပို၍ပင်အလုပ်များသည်။ မည်သို့ပင်ဖြစ်စေ အားလပ်ရက်မှာ ယွမ်ရှောင်ယဲ့က သူ့အဘိုးအဘွားများဆီကို အလည်သွားပြီး သူ့ရဲ့KFC နေ့ဆိုင်းကလဲ အားလပ်ရက်ကြောင့် ရွှေ့သွားခဲ့မယ်လို့ မမျှော်လင့်ခဲ့ပေ။ထို့ကြောင့် သူသည် တစ်ခါတည်းနဲ့ နှစ်ရက်တာ အနားယူနိုင်ခဲ့သည်။

တနင်္ဂနွေနေ့မနက်တွင် သူ ချင်ဝေ့ဟော်နဲ့ ပုံမှန်အတိုင်း Gymကို သွားခဲ့သည်။ Gymက ၉နာရီမှာ ဖွင့်လိုက်ပြီး မရေမတွက်နိုင်တဲ့ လူတွေက တဖြည်းဖြည်းများလာခဲ့ကာ ပုံမှန်ပိတ်ရက်တွေထက်ပင် နည်းနည်းပိုနေခဲ့သည်။ ဒါကတကယ်ကိုအားလပ်ရက် ပါလားလို့ အန်းနင် တွေးလိုက်မိ​၏။

ချင်ဝေ့ဟော်က သူ့မှာ အလုပ်သမားအကျိူးအမြတ်ရှိတယ်လို့ ပြောပေမယ့် (ဒါပေမယ့် ရိုးရိုးသားသားပြောရရင်တော့သူမယုံပါဘူး) တောင်တက်ဖို့ သင်ပေးတာက ကျေးဇူးပြန်တင်တာလေ။ နှစ်သစ်ကူး အားလပ်ရက်မှာ ဘောစ်ယွီကိုစီးပွားရေးလုပ်ဖို့ မတားချင်မိပေ။

ဒါ့အပြင် ချင်ဝေ့ဟော်က တောင်တက်Gymရဲ့ နည်းပြတစ်ယောက်လဲ ဖြစ်သည်လေ။ ဒါကြောင့် ချင်ဝေ့ဟော်က သူ့နားမှာပဲ ဝေ့နေလို့မရပေ။ သူ့မှာ "စီးပွားရေးလုပ်"ဖို့လဲလိုသေးသည်၊ ချင်ဝေ့ဟော်လို နည်းပြ အဆင့်က တစ်ယောက်ချင်းဆီကနေတောင် သေချာပေါက် ပိုက်ဆံတွေအများကြီး ရှာလို့ရသည်။

တစ်ပါးသူတွေထံမှ ပိုက်ဆံရှာတာကို အနှောင့်အယှက်မဖြစ်စေလိုသော ရည်ရွယ်ချက်လေးနဲ့ အန်းနင်က ဒီနေ့လေ့ကျင့်ရေးမှ စောစောထွက်ခွာခဲ့သည်; ၁၀နာရီမတိုင်ခင်မှာပေါ့။

သူ သူ့ရဲ့ ပစ္စည်းတွေကို ထုတ်ပိုးလိုက်ရင်း,

"ညမှ တွေ့မယ်နော်,"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now