Chapter《62》

1.6K 343 9
                                    


『Unicode』

ငါးရက်မြောက်နေ့မှတော့ သူ KFCမှာအလုပ်ပြန်ယူခဲ့သည်။ ကျိသောင် ကျောက်တောင်တက်Gymကလဲ စီးပွားရေးအရပြန်လည် ဖွင့်လှစ်ခဲ့​၏။ Gymမှာ လူအများကြီးမရှိသေးပေမယ့် ချင်ဝေ့ဟော်က Gymမှာသာ နေ,နေခဲ့သည်။

ရံဖန်ရံခါဆိုသလို အန်းနင်က အရင်ပြန်လာပြီး မန်နေဂျာရဲ့ အခန်းထဲမှာ တီဗွီကြည့်ရင်း ဦးလေးလော့နဲ့ စကားပြောဖြစ်လေသည်။ မော်တော်ဆိုင်ကယ်သံ ကြားတဲ့အခါ သူ့ခေါင်းကို လှည့်ပြီး ဦးလေးလော့ကို "သူ ပြန်လာပြီ!"လို့ပြောသည်။ထို့နောက် သူ လာသာဆောင်ကို ပြေးသွားကာ ချင်ဝေ့ဟော်ကို အော်ခေါ်လိုက်​၏။

​ဆိုင်ကယ်ရဲ့ ရှေ့မီးတွေ မှိတ်သွားပြီး ချင်ဝေ့ဟော်က သူ့ ဆိုင်ကယ် Helmetကို အိပ်ဆောင်ထဲသယ်လာခဲ့​၏။အကျွမ်းတဝင်နှင့်ပင် တံခါးဖွင့်လျက် မန်နေဂျာအခန်းထဲကို ဝင်လာကာ သူ့ကို မေးလာ​၏။

"မင်း တီဗွီ ထပ်ကြည့်နေပြန်ပြီလား?"

သူ ချင်ဝေ့ဟော်ကို လိမ္မော်သီးတစ်စိတ် လှမ်းပေးလိုက်သည်။ ချင်ဝေ့ဟော်က လျှောက်လာပြီး သူ့နံဘေးမှာ ထိုင်သည်။ထို့နောက်မှာတော့ သူတို့နှစ်ယောက်က တီဗွီကြည့်ရင်း သူတို့ အိမ်နီးချင်းဦးလေးလော့ထံ အလည်ရောက်နေသည့်နှယ်ဦးလေးလော့နဲ့ စကားစမြည်ပြောဖြစ်ခဲ့ကြသည်။

ည ၉:၀၀မှာတော့ သူတို့အတူတူ အပေါ်ထပ်ကိုတက်ခဲ့ကြပြီး သူတို့ စကားပြောနေသံက ကော်ရစ်တာ တစ်လျှောက်မှာပြည့်နှက်နေ​၏။ သူတို့ အိပ်ဆောင်ခန်းကို ပြန်ရောက်တဲ့အခါ ဆေးကြောရင်းနဲ့လဲစကားပြောဖြစ်သလို အိပ်ရာဝင်လျှင်လဲစကားပြောနေခဲ့ကြသည်။

ဆောင်းရာသီအားလပ်ရက်မှာ လျန်ရှန်းဟန်နဲ့ ရှောင်ပေါင်တို့ကလဲ မကြာမကြာ WeChat Groupထဲကို သရဲလာချောက်ကြသည်။ တစ်ခါကဆိုလျှင် ရှောင်ပေါင်က ကသုတ်ကရက်နဲ့ Group ရဲ့ စခရင်ကို ဗုံးလာကြဲ​၏။ ၎င်းက မနက် ၁၀:၀၀နာရီလောက်မှာဖြစ်ပျက်ခဲ့ပြိီး အန်းနင်ရော ချင်ဝေ့ဟော်ပါ Group Messageတွေနဲ့ ဗုံးကျဲခံလိုက်ရသည်။ ရှောင်ပေါင် အရမ်းစိတ်လှုပ်ရှားနေခဲ့တာအံ့ဩစရာတော့ မရှိပေ။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now