Chapter《19》

2.2K 488 3
                                    


『Unicode』


တနင်္လာနေ့တွင် ချင်ဝေ့ဟော်က မေဂျာတန်းကို ပျက်ကွက်ခဲ့သည်။ စိတ်ဓာတ်ကျပြီး မရပ်မနားသန်းနေခဲ့ကြပေမယ့် လျန်ရှန်းဟန်နဲ့ ရှောင်ပေါင်ကတော့ အတန်းလာတက်ကြသည်။ အတန်းပြီးသောအခါ အန်းနင် သူတို့ ကို မေးလိုက်မိသည်။

"မနေ့ညက မင်းတို့ နောက်ကျတဲ့အထိ ရှိခဲ့ကြတာလား?"

လျန်ရှန်းဟန်က ရှောင်ပေါင်ကို ကျွဲမြီးတိုတဲ့အကြည့်တစ်ချက်ပေးသည်။

"အဲ့တာ သူ့ကြောင့်လေ! ငါတို့နေရာတိုင်းလည်ရမယ်လို့ပြောတယ်။ အဲ့နေရာမှာ တောင်တွေနဲ့ မြစ်တွေပဲရှိတာ ဘယ်လိုလုပ် ပြီးပျော်စရာရှိမှာလဲ!"

"တောင်တွေနဲ့ မြစ်တွေပဲဆိုတာ ဘာကိုပြောတာလဲ?လူတွေက ဒါကို သဘာဝပတ်ဝန်းကျင်လို့ ခေါ်တာကွ! "

ရှောင်ပေါင်က ပြောသည်,"အန်းနင်-ကော, မင်းအဲ့ဒီမှာ မရှိတာ ဝမ်းနည်းစရာပဲ။ ငါတို့တွေ အပျော်လှေစီးပြီး မြင်းတွေစီးခဲ့ရုံတောင်မဟုတ်ဘူး၊ တောင်ပေါ်က Zip-Lining တွေပါပါတယ်"

​မနေ့က ပွဲမှာအတော်လေး စိုပြေနေပုံရသည်။ အန်းနင် နားလည်စွာနဲ့ ခေါင်းညိတ်လိုက်ပြလိုက်သည်။

"ချင်ဝေ့ဟော် ပျက်တာ အံဩစရာမရှိတော့ပါဘူး"

ကံကောင်းစွာနဲ့, အတန်းနှစ်တန်းအတွက်သူ Noteလေးတွေယူခဲ့သည်။

လျန်ရှန်းဟန်က ပြောသည်, "သူပျက်တာက ငါတို့နဲ့ ဘာမှမဆိုင်ဘူးနော်။ မြို့ဟောင်းထဲမှာ ငါတို့ နေ့လည်စားပြီးတော့ သူထွက်သွားခဲ့တာ"

ထိုသို့ပြောပြီးနောက် သူက ရှောင်ပေါင်ကို ဆက်၍ ကွန်ပလိန်းတတ်သည်။

"ချင်ဝေ့ဟော် ထွက်သွားတာတောင်, သူက Zip Liningလုပ်ချင်နေတုန်းပဲ။ တောင်အောက်ပြုတ်ကျပြီးသေမှာ မကြောက်ဘူးလား"

ထိုသို့ပြောလိုက်သောအခါ ရှောင်ပေါင်က သူ့ကို စတင်ရယ်မောလာခဲ့သည်။ သူက အန်းနင်ဘက်ကို ကြည့်ပြီးတောင် ပြောလိုက်သေးသည်။

"ငါ မင်းကို ဒါတော့ပြောပြရမယ် အန်းနင်-ကောရေ! သူက တကယ်ကို အမြင့်ကြောက်တတ်တာဘဲ ဟားဟားဟား! ချင်ဝေ့ဟော် မရှိတော့ထဲက သူက ဘယ်သွားဖို့နေနေ ငြင်းနေတော့တာ !"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now