Chapter 《7》

3K 583 11
                                    


『Unicode』


ဒီနေ့ အင်္ဂလိပ်အတန်းတွင် အခန်းထဲဝင်လာသော ဆရာမ​ရဲ့ အမူအရာက သိပ်ပြီး မကောင်းလှပေ။ မျှော်လင့်ထားဖို့ရန်သာရှိတော့သည်။အန်းနင် အခန်းတွင်း လှည့်ပတ်ကြည့်လိုက်သောအခါ အတန်းတက်တဲ့နှုန်းက အတော်လေးဆိုးဆိုးရွားရွားဖြစ်နေသည်ကို မြင်လိုက်ရသည်။

သူ့ဘေးမှာ ထိုင်နေတဲ့ လျန်ရှန်းဟန်ကတော့ တီးတိုးပြောလာခဲ့သည်။

"သူမ သေချာပေါက် attendanceကောက်လိမ့်မယ်"

8:30တွင် ဆရာမက အခန်းတံခါးကို တိုက်ရိုက်ပင် ပိတ်ချလိုက်သည်။ မျှော်လင့်ထားသကဲ့သို့ပင် သူမက စင်ပေါ်ကို တတ်သွားပြီး နာမည်တွေခေါ်တော့သည်။ အခန်းထဲမှာရှိနေကြသော လူအနည်းငယ်ကတော့ ကံကောင်းထောက်မတဲ့အမူအရာများနဲ့ လွတ်မြောက်သွားကြပြီးတချို့လူတွေကတော့ သူတို့ခေါင်းကိုငုံ့ကာ (အတန်းဖော်များကို) WeChat Messageတွေအမြန်ပို့ပေးနေကြသည်။

"သူတို့ကို သတင်းပို့စရာမလိုဘူး! " ဆရာမက ခေါင်းမော့လာကာပြောသည်။ "ခုမှရောက်ကြတဲသူတွေအားလုံးကို ပျက်ကွက်စာရင်းလို့ပဲယူဆမယ်."

"ကျစ်!," လျန်ရှန်းဟန် အံကြိတ်လိုက်မိသည်။ "ကြမ်းလှချည်လား"

အန်းနင်သည် ချင်ဝေ့ဟော်နာမည်က သူ့ထက်အရင်ဖြစ်ပြီး လျန်ရှန်းဟန်ပြီး အနည်းငယ်အကြာတွင်ဖြစ်သည်ဟု ယောင်ဝါးဝါးနှင့် သတိရသွားသည်။ ကံကောင်းစွာနဲ့ပဲ လျန်ရှန်းဟန်က ဒီနေ့အတန်းမလစ်ခဲ့ဘူး။ တနည်းအားဖြင့် ဆိုရင်လဲ သူတကယ် ဘာမှတော့ လုပ်နိုင်မယ်လို့ မထင်မိပါချေ။*

【*TN: 分身乏术(ဖန်ရှန်းဖာ့ရှူ့):တချိန်တည်းမှာဘဲ တခြားသူတွေအတွက် မတတ်ပေးနိုင်ဘူး။ အဓိပ္ပာယ်ကတော့ သူက လျန်ရှန်းဟန်ပါပျက်ခဲ့မယ်ဆိုရင် ချင်ဝေ့ဟော်ရော လျန်ရှန်းဟန်အတွက်ပါ ကူညီချင်တယ်လို့ ပြောတာပါ 】

မကြာမှီမှာပဲ လျန်ရှန်းဟန်က "ရှိပါတယ်." လို့ အော်လိုက်တာကို သူကြားလိုက်ရသည်။နာမည်တချိူ့ ကျော်လွန်သွားပြီးနောက်တွင် ဆရာမက "ချင်ဝေ့ဟော်"ဟူ၍ ခေါ်လာခဲ့သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now