Chapter《60》

1.9K 384 8
                                    


『Unicode』

၎င်းက ရုတ်တရက်ဆိုသလို တစ်ပတ်ကြာအနားယူမှုဖြစ်လာခဲ့သည်။အိပ်ဆောင်မှာရော၊ ပုရဝုဏ်ကြီးမှာပါ မြင်ကွင်းထဲ၌လူသူဟူ၍ မရှိ။ ချင်ဝေ့ဟော်နဲ့ နှစ်ယောက်တည်း ရှိရသည့်နှယ် အငွေ့အသက်မျိူးက အန်းနင်ကို တိတ်တခိုးလေး ပျော်ရွှင်စေသည်။

မည်သို့ပင် ဖြစ်စေ ဒီအတွေးကလဲ ရှက်စဖွယ်တော့ကောင်းသည်။ တရုတ်နှစ်သစ်ကူးရဲ့ ဒုတိယနဲ့ တတိယမြောက်ရက်မှာအပူချိန် စတင်မြင့်လာခဲ့သည်။ တတိယနေ့မှာတော့ ချင်ဝေ့ဟော် တစ်ယောက် ဇာတ်ကားကြည့်ရင်း၊ ဂိမ်းကစားရင်းတို့ဖြင့် အချိန်ဖြုန်းတာကို မခံနိုင်တော့။

"မနက်ဖြန် တောင်တက်Gymကို သွားရအောင်"

အန်းနင်မှာလဲ ပိုကောင်းတဲ့ တောင်းဆိုစရာဆိုတာ မရှိတာကြောင့် ကောင်းပြီလို့ပြောလိုက်သည်။

အိပ်ဆောင်ခန်းသေးသေးလေးနဲ့ ယှဉ်ပါက တောင်တက်Gymက အရမ်းကြီးလွန်းသည်။ တရုတ်နှစ်သစ်ကူးအတွင်းမှာတောင်တက်Gymက ပိတ်ထားသဖြင့် အဲ့ဒီမှာလဲ သူတို့ကလွဲ ဘယ်သူမှမရှိပါချေ။ နောက်ဆုံးမှာတော့ တောင်တက်Gymဟာ ဘာလို့ နှစ်သက်စဖွယ်နေရာတစ်ခု ဖြစ်မှန်း အန်းနင်သဘောပေါက်လာရသည် —လူကြီးတွေအတွက်အပန်းဖြေဥယျာဉ်လေးတစ်ခု သဖွယ် ဖြစ်နေခဲ့တာပဲ!

တစ်ရက်တာမျှ လေ့ကျင့်ပြီးနောက် အန်းနင် ချင်ဝေ့ဟော်ကို ကာကွယ်ရတာမှာ ပို,ပိုပြီး အတွေ့အကြုံရှိလာခဲ့ပြီဖြစ်သည် ; အခုဆို သူက ချင်ဝေ့ဟော်ကိုအမျိုးမျိုးသော စည်းချက်လှုပ်ရှားမှုတွေအား ကြီးကြပ်နိုင်ပြီဖြစ်​၏။ သူက သူတို့အား ကြိုးတစ်ချောင်းနဲ့ ချိတ်ဆက်ထားလျက် ချင်ဝေ့ဟော်တစ်ယောက် သူ့အကာအကွယ်အောက်မှ နံရံပေါ် တက်သွားတာကိုကြည့်နေမိခဲ့သည်။

ဒီခံစားချက်က အရမ်းကို စိတ်ကျေနပ်စေ​၏တကယ်တမ်း ချင်ဝေ့ဟော်က သူ့အကာအကွယ်ကိုလဲ မလိုပါဘဲ သူ့ဘာသာသူ ထိပ်ဆုံးရောက်နိုင်တယ်ဆိုပေမယ့်လဲပေါ့။

အပြန်လမ်း မြေအောက်ရထားပေါ်တွင် သူမမှိတ်မသုန်နဲ့ မေးလိုက်သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now