Chapter《53》

1.5K 389 7
                                    


『Unicode』


ရလဒ်အနေနဲ့ကတော့ လူသုံးယောက်က ညဘက် Countdown ပါတီကို ကြည့်ခဲ့ကြတာပါပဲ။ မှာစားခဲ့တဲ့ ညစာက နည်းနည်းသေးနေခဲ့၍ ၁၀:၃၀အရောက်မှာ ကျုံးကျင်းရဲ့ ဗိုက်က သံစုံမြည်လာခဲ့သည်။ မျက်နှာချင်းဆိုင်က ကောင်လေးနှစ်ယောက်က တပြိုင်နက်ထဲ သူ့ကို ကြည့်လာကြ​၏။ အကြီးတစ်ယောက်အနေနဲ့ ဒီလို လူငယ်လေးနှစ်ယောက်ရဲ့ စိုက်ကြည့်တာကိုခံရတဲ့အခါ ရှက်သလို ဖြစ်သွားရသော်လည်း ကိုယ်ဟန်ကိုယ်ဖို့လိုက်ရင်း,

"ညလယ်စာ စားကြရအောင်။ မင်းတို့အတွက် ငါ ခေါက်ဆွဲပြုတ်ပေးမယ်ဆိုရင်ရော?"

အန်းနင် : "ကျွန်တော် သွားလိုက်ပါ့မယ် ကျုံးလောင်ရှစ်!"

​ကျုံးကျင်းမှာ တော်တော်လေး လှုပ်ရှားသွားရ​၏။ အန်းနင်နဲ့ တွေ့ပြီး  ချင်ဝေ့ဟော်က ကျောက်တောင်တက်ခြင်းကို သင်ကြားပေးနေသောကြောင့် သူ့(ကျူံးကျင်း)ကို 'ကျူံးလောင်ရှစ်' ဟု တလေးတစား ခေါ်ဝေါ်ခဲ့သော်လည်း သူ စနစ်တကျ သင်ကြားပေးခဲ့တဲ့ ကောင်လေးကတော့ 'လောင်ရှစ်' ဟူ၍ တစ်ခါမျှ မခေါ်ဆိုခဲ့ပေ။

ထိုအခိုက် သူ့အခန်းဖော်လေး ခေါ်သံကို နားထောင်ပြီးသည့်တိုင် ချင်ဝေ့ဟော်ရဲ့ မျက်နှာကတော့ ဂရုမစိုက်ဟန်ပေါ်နေဆဲပင်။

ချင်ဝေ့ဟော်နဲ့ မျက်လုံးချင်းဆုံသွားတဲ့ အခါမှာတော့ သူ့အကြည့်တွေက 'သူ ခင်ဗျားကို ဒီနေရာမှာခေါ်လိုက်ပြီလေ၊ ဒါကြောင့် လုံလောက်သင့်ပြီ'လို့ ဆိုလိုနေသကဲ့သို့ပင်။

ကံမကောင်းချက်ပဲ၊ ဒါက အန်းနင်အတွက် အကျိုးအကြောင်းကို သင့်လျော်မနေဘူး၊ ဒီကလေးက ရင်းနှီးချင်စရာကောင်းလိုက်တာဆိုတာ။

ကျုံးကျင်းက သူ့ဘာသာ သူ တွေးလိုက်မိသည်။

သူသာ မိန်းကလေးတစ်ယောက်ဆိုရင် ချင်ဝေ့ဟော်နဲ့ အတော်လေးကို လိုက်ဖက်နေမှာပဲ! ဝမ်းနည်းစရာ!

ချင်ဝေ့ဟော် ခေါင်းလှည့်ပြီး အန်းနင်ကို မေး​၏။

"မင်းက ခေါက်ဆွဲချက်တတ်တယ်လား?"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now